Covid 19 ရှိ၊မရှိ အလွယ်တကူ စစ်ဆေးနိုင်မည့် အဘူဒါဘီနယ်စပ်က EDE Scanner
အဘူဒါဘီ၊ဒူဘိုင်းနယ်စပ်နားက Ghantoot အနီးရှိ စစ်ဆေးရေးဂိတ်တွေမှာ မြိုတော်ကိုမဝင်ရောက်ခင် ခရီးသည်တွေကို Covid 19 စစ် ဆေးဖိုအတွက် စက္ကန့်အနည်းသာကြာပါတယ်။
ကိုရိုနာဗိုင်းရပ်ကူးစက်ခံရထားရတဲ့ လက္ခဏာရှိမရှိစစ်ဆေးနိုင်တဲ့ Scanner ကို ဒီနေ့မနက််မှာပဲ မိတ်ဆက်လိုက်တာဖြစ်ပါတယ်။
အဘူဒါဘီရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအာဏာပိုင်တွေရဲ့ အမိန့်အသစ်အရ Scanner မှာ EDE Scanner ကို အသုံးပြုထားပါတယ်။
ယာဉ်မောင်းသူတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ ရပ်တန့်ပြီးနောက် သက်ဆိုင်ရာအရာရှိက မိုလ်ဘိုင်းဖုန်းအပလီကေးရှင်းဖြင့် ကားပေါ်ပါလူတစ်ဦးချင်းစီကို scan ဖတ်ကာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာရှိ၊မရှိ စစ်ဆေးနိုင််မှာ ဖြစ်ပါတယ်။
Scanner ကို အများသူငှါသွားလာတဲ့နေရာတွေဖြစ်တဲ့ စျေးဝယ်နေရာများ၊gym များ၊အပန်းဖြေပန်းခြံများ၊ရုပ်ရှင်ရုံများ၊ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေမှာပါ အသုံးပြုနေပါပြီ။
ဗိုင်းရပ်စ်ပိုးရှိနိုင်တဲ့ လက္ခဏာရှိသော မည်သူ့ကိုမဆို မိနစ် ၂၀အတွင်း ရလဒ်ကိုထုတ်ပေးနိုင်တဲ့
Antigen စမ်းသပ်မှုအတွက် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
စစ်ဆေးမှုမှာ positive ဖြစ်ခဲ့ပါက အဘူဒါဘီမှာနေထိုင်သူတွေအနေနဲ့ ၁၀ရက်ကြာသီးသန့်ခွဲနေရမှာဖြစ်ပြီး ၄င်းကာလတွေအတွက် ခြေရာခံလက်ပတ်ကို ဝတ်ဆင်ထားရမှာပါ။
အဘူဒါဘီကိုဝင်ရောက်သူတိုင်း၊ AlHosn Grenn Pass ရှိရှိ၊မရှိရှိ EDE Scanner နဲ့ စစ် ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။
၂၀၂၁ခုနှစ်၊စက်တင်ဘာလမှာ ဒူဘိုင်းကလာတဲ့ ယာဉ်မောင်းတွေ ကိုဗစ်ရှိ၊မရှိ စစ်ဆေးခဲ့တဲ့ PCR စမ်းသပ်မှုကိုရုတ်သိမ်းခဲ့ပါတယ်။