Saturday, November 8, 2025

ကျောက်ဆည်မြို့မှ မိသားစုနှစ်စု ခရီးသွားရင်း ပျေ-ာက်ဆုံးနေကြောင်း...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှ မိသားစုနှစ်စုသည် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစ်စီးတည်းဖြင့် အတူတူ ခရီးသွားရင်း နိုဝင်ဘာ ၂ရက်မှစတင်ကာ အဆက်အသွယ်မရဘဲ ပျေ-ာက်ဆုံးနေကြောင်း...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ (၅) ရက်အတွင်း...

တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌ (၅) ရက်အတွင်း မိုးရေချိန် (၄) လက်မခန့်မှ (၅) လက်မအထက် ရွာသွန်းရရှိနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်...

ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express...

ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express ကားကြီးများ ယနေ့ နိုဝင်ဘာ (၈)ရက်မှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း လားရှိုးဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ လတ်တလောပြေးဆွဲပေးနေသည့် ခရီးသည်တင် Express...

ဂျာကာတာရှိ ဗလီ ပေါက်ကွဲမှု လူ...

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ကျောင်းတစ်ကျောင်းအတွင်းရှိဗလီ၌ သောကြာနေ့ဝတ်ပြုချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၅၄ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲချုပ် အာဆက်ပ် အက်ဒီဆူဟာရီက ပြောကြားခဲ့သည်။ မြောက်ဂျကာတာရှိ...
HomeInternationalCOP27 ညီလာခံတွင် အန်တိုနီယိုဂူတားရက်စ်...

COP27 ညီလာခံတွင် အန်တိုနီယိုဂူတားရက်စ် မိန့်ခွန်းမှားဖတ်မိသဖြင့် သူ့ကိုယ်သူပြန်ရယ်ကာ ပရိသတ်ကိုတောင်းပန်ရ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်သည် ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သော COP27 ရာသီဥတုညီလာခံတွင် ယင်းနှင့်မဆိုင်သော မိန့်ခွန်းအစပိုင်းကို မှားဖတ်မိပြီး၊ မှားမှန်းသိသည်တွင် သူ့ကိုယ်သူ ပြန်လည်ရယ်မောခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ကာဘွန်ထုတ်လွှတ်မှုခြေရာခံခြင်းနှင့်ပတ်သက်၍ အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုးနှင့် အစည်းအဝေးသို့တက်ရောက်လာကြသော ကိုယ်စားလှယ်များ ဆွေးနွေးကြရမည့် အစည်းအဝေးအတွင် ဂူတားရက်စ်က အဖွင့်မိန့်ခွန်းပြောကြားရခြင်းဖြစ်သည်။

အဆိုပါ အဖွင့်မိန့်ခွန်းတွင် ဂူတားရက်စ်က “ကမ္ဘာကြီးဟာ ရာသီဥတုအကျပ်အတည်းကို ရင်ဆိုင်ရာမှာ ပြိုင်ဆိုင်မှုတွေ မရှိဘူးဖြစ်နေတယ်။ ဒါပေမယ့် ခင်ဗျားကိုတော့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ခင်ဗျားဟာ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ မဆုတ်မနစ်ဆောင်ရွက်နေတာကြောင့်ပါပဲ”ဟု အစပိုင်းတွင်ပြောကြားခဲဖြင့်နောက် ယခုအခမ်းအနားနှင့် မသက်ဆိုင်သော မိန့်ခွန်းကို သူဖတ်နေမှန်း သိသွားပြီး မိန့်ခွန်းဖတ်ခြင်းကို ရပ်နားလိုက်သည်။

ထို့နောက် “ကျွန်တော်ပြောတာတွေ မှားသွားတယ်လို့ထင်တယ်”ဟု ရယ်မောရင်းပြောသည်။

ဤတွင် တာဝန်ရှိသူများက မိန့်ခွန်းအမှန်ကို သူ့ထံသို့ ယူဆောင်လာကြသောကြာင့် အစည်းအဝေးခန်းမတွင်း စုဝေးရောက်ရှိနေကြသော ကိုယ်စားလှယ်များက လက်ခုတ်တီးကာ အားပေးကြသည်။

ယခုမိန့်ခွန်းပြောကြား၍ ပြီးလျှင် သူသည် လူငယ်အဖွဲ့များနှင့် တွေ့ဆုံရမည်ဖြစ်သဖြင့် ယင်းတွေ့ဆုံပွဲတွင် ပြောကြားရမည့် မိန့်ခွန်းကို မှားယွင်း၍ ဖတ်မိခြင်းဖြစ်ကြောင်း ဒေါက်တာ ဂူတားရက်စ်က ပရိသတ်အား ရှင်းပြခဲ့ကြောင်းသိရသည်။

“အားလုံး အာရုံနောက်စရာလေးတွေဖြစ်သွားကြရတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်”ဟုလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကပြောကြားခဲ့သည်။

Source: UN chief Guterres laughs off ‘wrong speech’ moment at COP27

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်ဆည်မြို့မှ မိသားစုနှစ်စု ခရီးသွားရင်း ပျေ-ာက်ဆုံးနေကြောင်း သိရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှ မိသားစုနှစ်စုသည် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစ်စီးတည်းဖြင့် အတူတူ ခရီးသွားရင်း နိုဝင်ဘာ ၂ရက်မှစတင်ကာ အဆက်အသွယ်မရဘဲ ပျေ-ာက်ဆုံးနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ အဆိုပါပျေ-ာက်ဆုံးနေသူများသည် ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နှင့် ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နှင့် သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ ဖြစ်ကြကြောင်း သိရသည်။ ၎င်းတို့သည် တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ယာဉ်နံပါတ် 7M-9611 ဖြင့် ဘုရားဖူးခရီး ထွက်သွားကြခြင်းဖြစ်သည်ဟုလည်း သိရသည်။ ယင်းသို့ပျေ-ာက်ဆုံးနေသူများကို...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ (၅) ရက်အတွင်း မိုးရေချိန် (၄) လက်မခန့်မှ (၅) လက်မအထက် ရွာသွန်းရရှိနိုင်ဟုဆို

တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌ (၅) ရက်အတွင်း မိုးရေချိန် (၄) လက်မခန့်မှ (၅) လက်မအထက် ရွာသွန်းရရှိနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်ပြောကြားထားသည်။ အဆိုပါ မိုးရွာသွန်းမှုသည် ယနေ့ နိုဝင်ဘာ (၈) ရက်မှ နိုဝင်ဘာ (၁၂) ရက်အထိ ဆက်လက်ရွာသွန်းနိုင်ပြီး၊ တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့သို့ ရွှေ့လျားဝင်ရောက်လာပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။ ထို့ပြင်...

ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express ကားကြီးများ စတင်ပြေးဆွဲနေဟု ဆို

ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express ကားကြီးများ ယနေ့ နိုဝင်ဘာ (၈)ရက်မှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း လားရှိုးဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ လတ်တလောပြေးဆွဲပေးနေသည့် ခရီးသည်တင် Express ကားကြီးများမှာ မိုးထက်အာကာ၊ တက်လမ်း၊ ရွှေလားရှိး Star OK ၊ Crown အစရှိသည့် ယာဉ်လိုင်းများ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ရှမ်း/မြောက် မန္တလေး-လားရှိုးခရီးစဉ်ကို အောက်တိုဘာ (၁၈) ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားလာခွင့်ပြုခဲ့ပြီး‌နောက် ယနေ့ နိုဝင်ဘာ (၈) မှစတင်ကာ ရန်ကုန် - လားရှိုးခရီးစဉ်များကို ပြန်လည်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ "အရင်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071