Thursday, May 29, 2025

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်...

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN....

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်...

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက်...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ...

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး...
HomeNewsLocal NewsColombo Plan Staff...

Colombo Plan Staff College မှ‌ ခေတ်မှီမော်တော်ယာဉ်များနှင့်ပတ်သတ်သည့်စနစ်များကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမည်

ဖိလစ်ပိုင်နိုင်ငံရှိ Colombo Plan Staff College (CPSC) က Labtech International Ltd., နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၆ ရက်နံနက် ၁၁ နာရီခွဲက Videoconferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်း၌ ခေတ်မှီမော်တော်ယာဉ်များ၏ အင်ဂျင်အခြေခံစနစ်၊ လျှပ်စစ်နှင့်အီလက်ထရောနစ်စနစ်၊ ဘရိတ်စနစ်၊ ဘီးနှင့်ယာဉ်ထိန်းကျောင်း မောင်းနှင်သည့်စနစ်၊ စတီယာရင်နှင့်ယာဉ်အောက်ပိုင်းစနစ်များကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းသို့ မြန်မာနိုင်ငံ၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ သင်ကြားရေးနယ်ပယ်၌ တာဝန်ထမ်းဆောင်နေသူ ၂၅ ဦးတက်ရောက်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ CPSC ညွှန်ကြားရေးမှူးချုပ် Professor G.L.D. Wickramasinghe၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်သူ၊ Labtech International Ltd., မှ Dr. Steven McKee၊ မြန်မာအင်ဂျင်နီယာကောင်စီမှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊မနီလာမြို့၏ သံရုံးယာယီတာဝန်ခံဦးစန်းယုကျော်သည် မြန်မာနိုင်ငံအတွက် သီးသန့်ဖွင့်လှစ်ပို့ချသည့် “Automotive Technology Using Virtual TVET” အွန်လိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သီတဂူဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားသည်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့်...

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းနှင့် သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးမည်

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးခြင်းကို Online Payment စနစ်များဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ အာမခံထားသူများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံလုပ်သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းကို Online...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071