Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeNewsLocal NewsCLMV နိုင်ငံများအား ၂၀၃၀...

CLMV နိုင်ငံများအား ၂၀၃၀ တွင် စီးပွားရေးအလယ်အလတ်အဆင့် ရောက်ရှိစေရန် CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမည်

CLMV နိုင်ငံများအား ၂၀၃၀ တွင် စီးပွားရေးအလယ်အလတ်အဆင့် ရောက်ရှိစေရန် CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)စီးပွားရေးဝန်ကြီးများ အစည်းအဝေးမှ သိရသည်။

(၁၇) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အစည်းအဝေး သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။

CLMV နိုင်ငံများ၏ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၈၃ ဒသမ ၄ ဘီလျံအထိရောက်ရှိခဲ့ပြီး၊ အာဆီယံ စုစုပေါင်းကုန်သွယ်မှု၏ ၂၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း CLMV နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးကို ရည်ရွယ်သည့် CLMV လုပ်ငန်းအစီအစဉ်အရ လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုများသည် စီးပွားရေးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုများအတွက် အထောက်အပံ့ဖြစ်စေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၃၀ ပြည့်နှစ်တွင် စီးပွားရေးအလယ်အလတ်ရှိသောအဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းရေးဆွဲထားသည့် CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

CLMV နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာချိတ်ဆက်မှု တိုးတက်ကောင်းမွန်စေရန် ဗီယက်နမ်နိုင်ငံက ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့နှင့် ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲများ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး၊ ထိုကုန်စည်ပြပွဲများ မှတစ်ဆင့် ဒေသတွင်းစီးပွားရေးမိတ်ဖက် ဆက်ဆံရေးများနှင့် စျေးကွက် အခွင့်အလမ်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် CLMV နိုင်ငံများအား စီးပွားရေး အလယ်အလတ်ရှိသောအဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းရေးဆွဲထားသည့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင် အထည်ဖော်ရေး လုပ်ငန်းအစီအစဉ်အတွက် ပေါင်းစပ်ညှိနှိုင်းရေးနည်းလမ်းများနှင့် လမ်းညွှန်ချက်များကို ဆွေးနွေး၍ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် (၁၇) ကြိမ်မြောက် စီအယ်လ် အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့သည်။

CLMV စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဒေသခွဲနှင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေး လုပ်ငန်းစဉ်များနှင့် CLMV ထိပ်သီးအစည်းအဝေး၏ သဘောတူညီချက်များကို အကောင်အထည် ဖော်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဦးဆောင်ဆောင်ရွက်ခဲ့သည့် စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပံ့ပိုးဆောင်ရွက်ပေးသည့်အတွက် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့အား ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ CLMV စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘာပတိတာဝန်ကို ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိများ စုစုပေါင်း ကိုယ်စားလှယ် ၅၀ ဦးတက်ရောက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲချိန်အစ (၄)မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းမှာ ဦးဆောင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၈၉မိနစ်တွင် ယွန်းဝတီလှိုင်၏ ဖြတ်တင်ဘောကို မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး အသင်းအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ဖိလစ်ပိုင်အသင်းဘက်ကလည်း ချေပဂိုး(၁)ဂိုး သွင်းယူခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်၌ပင် အနိုင်ကစားပြနိုင်ခဲ့သဖြင့် ပရိသတ်၏အားပေးမှုကို တခဲနက်...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071