ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကိုရပ်နားထားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ဧပြီ ၁၈ ရက်မှစတင်၍ CI ထုတ်ပေးရေးစခန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များအားလုံးကိုပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
