Thursday, June 19, 2025

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့်...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက်...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့်...

ထိုင်းနှင့် နယ်မြေအငြင်းပွားမှုတွင် အစိုးရကို ထောက်ခံကြောင်း...

     ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော...
HomeInternationalChatGPT ဖြင့်ဈေးဝယ်နိုင်တော့မည်

ChatGPT ဖြင့်ဈေးဝယ်နိုင်တော့မည်

ဆန်ဖရန်စစ်စ္စကို၊ မေ ၈

ChatGPT သည် ယခုအခါ သုံးစွဲသူများကို အွန်လိုင်းတွင် ပစ္စည်းများရှာဖွေရန် ကူညီပေးနေပြီဖြစ်ကြောင်း OpenAI က တနင်္လာနေ့တွင် ကြေညာခဲ့ပြီး  Google ၏ ဈေးကွက်အပေါ်လွှမ်းမိုးမှုကို စည်းကမ်း ထိန်းသိမ်းရေးဖိအားများဖြင့်  Google ကို စိန်ခေါ်မှုကို မြှင့်တင်ပေး လျက်ရှိသည်။
ဈေးဝယ်နိုင်သောစွမ်းရည် အသစ်သည် AI chatbot များနှင့် Google ကြားကကွာဟချက်ကို ပိုမို ကျဉ်းမြောင်းစေပြီး၊ Google ၏နောက်ထပ်ဆယ်စုနှစ်များစွာထိန်းချုပ်ထားသည့်ဈေးကွက်တစ်ခုတွင် OpenAI က ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းချက်ကို ဖော်ပြနေပါသည်။

“ရှာဖွေမှုများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဝဘ်ရှာဖွေမှုပေါင်း ၁ ဘီလျံကျော်ဖြင့် ကျွန်ုပ်တို့၏ အလွန်လူကြိုက်များရေပန်းအစားဆုံးနှင့် အလျင်မြန်ဆုံး ကြီးထွားလာသော အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်လာသည်” ဟု ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီက X တွင် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် စတင်ဖြန့်ချိလိုက်သော ဆော့ဝယ်လ် အသစ်သည် ဈေးဝယ်သူများကို ပုံမှန်စကားပြောခြင်းမှတစ်ဆင့် ပစ္စည်းများကို ရှာဖွေနှိုင်းယှဉ်နိုင်စေပြီး ဝယ်ယူမှုများအတွက် ကုန်သည်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည် ဖြစ်သည်။

“ရလဒ်များ၏စာမျက်နှာများကို ဆွဲယူကြည့် scroll down လုပ်မည့်အစား၊ သင်ရိုးရှင်းစွာ စကားပြောဆိုမှုများဖြင့် စတင်မေးမြန်းနိုင်သည်” ဟု OpenAI ၏ ပို့စ်တွင်ဖော်ပြထားပြီး အသုံးပြုသူများသည် နောက်ဆက်တွဲ မေးခွန်းများကို မေးမြန်းနိုင်သည် သို့မဟုတ် ထုတ်ကုန်များကို နှိုင်းယှဉ်နိုင်သည်။

ChatGPT ၏ ဈေးဝယ်အင်္ဂါရပ်သည် ဖက်ရှင်၊ အလှအပနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးအစားများ ကို အဓိကထားသည်။ ထုတ်ကုန်အကြံပြုချက်များကို ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ထားပြီး ကြော်ငြာများမဟုတ်ဘဲ ဝဘ်မှလာသည်ဟု OpenAI ကပြောကြားခဲ့သည်။

AI chatbots များ၏ ပြိုင်ဆိုင်မှုများ တိုးလာနေခြင်းကို တန်ပြန်ရန်၊ Googleသည် သမားရိုးကျ ဝဘ်ဆိုဒ်လင့်ခ်များထက် ဉာဏ်ရည်တုနည်းပညာ AI ထုတ်ပေးသော အဖြေများကို ရှာဖွေမှုရလဒ်များတွင် ၎င်း၏ကိုယ်ပိုင် Gemini assistant နည်းပညာကို ပေါင်းစပ်အသုံးပြုထားသည်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ OpenAI ရဲ့အရာရှိတစ်ဦးက အမေရိကန်နိုင်ငံမှာ လက်ရှိဆက်လက်ဖြစ်ပွားနေသော ယုံကြည်အပ်နှံမှု ဖေါက်ဖျက်‌ခြင်း အမှုတွင် Google ကို Chrome browser ကိုရောင်းချဖို့ ဖိအားပေးခံရလျှင်၊ OpenAI က Chrome ကိုဝယ်ယူဖို့စဉ်းစားမည်မဟုတ် သက်ဆိုင်ရာသက်သေထုတ်ပြောခဲ့‌သောကြောင့် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပါသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။        အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။       မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက် က တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။       မကြာခင်က အစ္စရေး၏ တို-က်ခို-က်မှုများကို တုန့်ပြန်သည့် အနေဖြင့် တေရန်သည် ရေလက်ကြားကို ပိ-တ်ပစ်ရန် စဉ်းစားနေသည်ဟု အီရန် ပါလီမန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အဖွဲ့ဝင် အီစမိုင်ကိုဆာရီက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။         “ရန်သူကို အပြစ်ပေးရာမှာ ကျွန်ုပ်တို့ရဲ့ လက်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး စစ်ရေးတုန့်ပြန်မှုက...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။ ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်‌‌ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071