(Unicode)
CB bank မှ ဒီဇင်ဘာ ၁၅နောက်ပိုင်း ထည့်သွင်းငွေများကို ၁၀၀%ငွေသားအပြည့်ထုတ်ယူနိုင်ဟု ကြေညာချက်ထုတ်
CB bank တွင် Deposit Account(Old Account)ဖွင့်ထားသူများငွေထုတ်ယူရာတွင် ပိုအဆင်ပြေစေဖို့အတွက် ဒီဇင်ဘာ ၁၅ရက်နောက်ပိုင်းသွင်းထားသည့်ငွေများကို တိုကင်ယူစရာမလိုပဲ ၁၀၀ရာခိုင်နှုန်း ငွေသားအပြည့်ပေးမည်ဟု CB bank Facebook Page မှာ အသိ ပေးကြေညာထားပါတယ်။
ယခင်က အကောင့်ထဲရှိတဲ့ပိုက်ဆံတွေကို CB Pay မှ တိုကင်ယူကာ သတ်မှတ်ထားသည့် ငွေအမောက်အတိုင်း ၂ပတ် ၁ခါ ထုတ်ပေးတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဒီဇင်ဘာ ၁၅နောက်ပိုင်းသွင်းထားသည့်ငွေများကို တိုကင်ယူစရာမလိုပဲ ၁၀၀% အပြည့်ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ CB
Call Center သို့ ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၁၅ရက်နောက်ပိုင်းနယ်အကောင့်မှ ရန်ကုန်အကောင့်သို့ လွှဲငွေတွေကိုတော့ တစ်ရက်စောင့်ပြီးမှသာ ငွေသားအပြည့်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ကြေညာချက်အရ ဒီဇင်ဘာ ၁၅မတိုင်ခင် ယခင် က ရှိထားပြီးငွေများကိုတော့ CB Pay မှတိုကင် ယူပြီးသာ ထုတ်လို့ရမည်ဟု Call Center က ပြောပါတယ်။
ကြေညာချက်ထွက်ပေါ်ပြီးနောက် CB bank သုံးစွဲသူတစ်ယောက်ကတော့ ” ၁၅ရက်နောက်ပိုင်းမှ ထည့်တဲ့ငွေပဲထုတ်ရမှာဆိုတော့ အရင်ကပိုက်ဆံတွေကို တိုကင်ယူပြီးထုတ်ရမှာပဲလေ။တိုကင်က တော်တော်နဲ့ယူလို့လည်းမရဘူး” ဟု မှတ်ချက်ပြုထားပါတယ်။
(Zawgyi)
CB bank မွ ဒီဇင္ဘာ ၁၅ေနာက္ပိုင္း ထည့္သြင္းေငြမ်ားကို ၁၀၀%ေငြသားအျပည့္ထုတ္ယူႏိုင္ဟု ေၾကညာခ်က္ထုတ္
CB bank တြင္ Deposit Account(Old Account)ဖြင့္ထားသူမ်ားေငြထုတ္ယူရာတြင္ ပိုအဆင္ေျပေစဖို႔အတြက္ ဒီဇင္ဘာ ၁၅ရက္ေနာက္ပိုင္းသြင္းထားသည့္ေငြမ်ားကို တိုကင္ယူစရာမလိုပဲ ၁၀၀ရာခိုင္ႏႈန္း ေငြသားအျပည့္ေပးမည္ဟု CB bank Facebook Page မွာ အသိ ေပးေၾကညာထားပါတယ္။
ယခင္က အေကာင့္ထဲရွိတဲ့ပိုက္ဆံေတြကို CB Pay မွ တိုကင္ယူကာ သတ္မွတ္ထားသည့္ ေငြအေမာက္အတိုင္း ၂ပတ္ ၁ခါ ထုတ္ေပးတာျဖစ္ပါတယ္။
ယခုအခါမွာေတာ့ ဒီဇင္ဘာ ၁၅ေနာက္ပိုင္းသြင္းထားသည့္ေငြမ်ားကို တိုကင္ယူစရာမလိုပဲ ၁၀၀% အျပည့္ထုတ္ယူႏိုင္ၿပီျဖစ္တယ္လို႔ CB
Call Center သို႔ ဆက္သြယ္ေမးျမန္းခ်က္အရ သိရပါတယ္။
ဒီဇင္ဘာ ၁၅ရက္ေနာက္ပိုင္းနယ္အေကာင့္မွ ရန္ကုန္အေကာင့္သို႔ လႊဲေငြေတြကိုေတာ့ တစ္ရက္ေစာင့္ၿပီးမွသာ ေငြသားအျပည့္ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။
ေၾကညာခ်က္အရ ဒီဇင္ဘာ ၁၅မတိုင္ခင္ ယခင္ က ရွိထားၿပီးေငြမ်ားကိုေတာ့ CB Pay မွတိုကင္ ယူၿပီးသာ ထုတ္လို႔ရမည္ဟု Call Center က ေျပာပါတယ္။
ေၾကညာခ်က္ထြက္ေပၚၿပီးေနာက္ CB bank သုံးစြဲသူတစ္ေယာက္ကေတာ့ ” ၁၅ရက္ေနာက္ပိုင္းမွ ထည့္တဲ့ေငြပဲထုတ္ရမွာဆိုေတာ့ အရင္ကပိုက္ဆံေတြကို တိုကင္ယူၿပီးထုတ္ရမွာပဲေလ။တိုကင္က ေတာ္ေတာ္နဲ႔ယူလို႔လည္းမရဘူး” ဟု မွတ္ခ်က္ျပဳထားပါတယ္။

