SEA GAMES Thailand 2025 ၏ စိတ်လှုပ်ရှားဖွယ်ရာ Canoeing (လှေလှော်) ပြိုင်ပွဲများ ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပရာ၊ အမျိုးသား တစ်ယောက်လှော် ၅၀၀ မီတာ (Men’s Canoe Single 500m – C1) မြန်မာ့လက်ရွေးစင် အားကစားသမား မျိုးလှိုင်ဝင်းသည် ထိုင်းနိုင်ငံမှ လက်ရွေးစင်အားကစားသမား Mahawattanangkul Pitpiboon နှင့် စက္ကန့်ဝက်မျှသာကွာခြားသည့် အကြိတ်အနယ် ယှဉ်ပြိုင်မှုအပြီး၌ ငွေတံဆိပ် (Silver Medal) ဆုကို ဂုဏ်ယူစွာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
SEA GAMES ပြိုင်ပွဲများကို လာမည့် ၁၁၊ ၁၂ ရက်များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာ့အားကစားအဖွဲ့သည် နောက်ထပ်ပွဲစဉ်များအတွက် ဆက်လက်ဆွတ်ခူးနိုင်ရန် ကြိုးပမ်းယှဉ်ပြိုင်သွားမည်ဖြစ်ဟု မြန်မာနိုင်ငံလှေလှော်အသင်းချုပ်က ဆိုထားသည်။
