Friday, June 26, 2026

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၂...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် (၂,၅၉၅,၉၃၇ ဒသမ ၅၀)...

မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တည်ရှိသော မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများကို တွေ့မြင်ရခြင်း ဖြစ်သည်။ ယင်း လေးမျက်နှာဘုရားအတွင်းရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွါးတော်လေးဆူကို ဖူးမျှော်ပြီးလျှင် အမိုးခုံးမျက်နှာကြက်များတွင် အပြည့်ရေးဆွဲထားသည့်နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်ခြင်းလည်း...
HomeInternationalBRICS နိုင်ငံအကြီးအကဲများ အွန်လိုင်းထိပ်သီး...

BRICS နိုင်ငံအကြီးအကဲများ အွန်လိုင်းထိပ်သီး အစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ကာ အကြံပြုချက်သုံးခု အဆိုပြုခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် စက်တင်ဘာ (၈) ရက် ညပိုင်းတွင် BRICS နိုင်ငံအကြီးအကဲများ အွန်လိုင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ “စည်းလုံးညီညွတ်စွာ ပူး ပေါင်းဆောင်ရွက်၍ ရှေ့သို့လျှောက်လှမ်းမည်” ခေါင်းစဉ်ဖြ င့် မိန့်ခွန်းပြောကြားခဲ့ပြီး အကြံပြုချက်သုံးချက်ကို အဆို ပြုခဲ့ကြောင်း သိရသည်။

ပထမအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မူဝါဒကို လက်ကိုင်ထားပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ(GGI) ကို အဆိုပြုပြီး နိုင်ငံအသီးသီး အတူလက်တွဲလှုပ်ရှားမှုကို တွန်းအားပေးကာ ပိုမိုတရားမျှတ၍ကျိုးကြော င်း ဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တည် ဆောက်ရန်ရွယ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့်  တံခါးဖွင့်လှစ်၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို လက်ကိုင်ထားပြီး နိုင်ငံတကာ ကုန်သွယ်စီးပွား ရေး စည်းစနစ်အား ကာကွယ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းသည် တားဆီး၍မရသော သမိုင်းရေစီးကြောင်းဖြစ်ကြောင်း၊ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံ တကာ ပတ်ဝန်းကျင်နှင့် ကင်းကွာ၍ မရသလို မည်သူကမျှ မိမိကိုယ်ကို တံခါးပိတ်ထားသော အထီးကျန်ကျွန်းငယ်ဘဝသို့ ပြန်လည်နောက်ဆုတ်သွား၍မရကြောင်းလည်း ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း သိရသည်။

တတိယအနေဖြင့်  စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွ က်မှုအား လက်ကိုင်ထား၍ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ပေါင်းစပ်အင်အားကို စုစည်းရမည်ဖြစ်ကြောင်း၊ BRICS နိုင်ငံများ၏ လူဦးရေသည် တစ်ကမ္ဘာလုံး၏ ထက်ဝက်နီး ပါးခန့်ရှိကာ စီးပွားရေး စုစုပေါင်းပမာဏသည်လည်း တစ်ကမ္ဘာလုံး၏ (၃၀) ရာခိုင်နှုန်းခန့် ရှိပြီး ကုန်သွယ်ရေး စုစုပေါင်းပမာဏသည် တစ်ကမ္ဘာလုံး၏ ငါးပုံတစ်ပုံရှိကြောင်း၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာလေ ပြည်ပအန္တရာယ် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်သည့် ယုံကြ ည်မှုသည်လည်း ပိုမိုပြည့်ဝလာလေဖြစ်ပြီး နည်းလမ်းပိုများလာကာ ရလဒ်ပိုမိုကောင်းမွန်လာကြောင်း သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်းသည်။

ထိပ်သီးအစည်းအဝေးတွင် ဘရာဇီးနိုင်ငံ သမ္မတ လူလာက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရုရှားနိုင်ငံ သမ္မတ ပူတင်၊ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa ၊ အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီ၊ အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Khalid နှင့် အိန္ဒိယ၊ အီသီယိုးပီးယား ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

BRICS နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူး ပေါင်းဆောင်ရွက်မှုအား မြှင့်တင်ကာ အကျပ်အတည်း စိန် ခေါ်မှုများကို လက်တွဲရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံပူး ပေါင်းဆောင်ရွက်မှုဝါဒအား အတူတကွ ကာကွယ်ကာ လွတ်လပ်၍ တံခါးဖွင့်လှစ်သော နိုင်ငံတကာကုန်သွယ်ရေးစနစ်အား ကာကွယ်ရမည့်အပြင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအသီးသီးမှ အကြီးအကဲများက သမ္မတ ရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ချက်ကျလက်ကျ ထိမိမှုရှိပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ကောင်းမွန်ပြည့်စုံစေသည့် ဦးတည်ချက်နှင့် လမ်းကြောင်းအား လမ်းညွှန်ပေးသည်ဟု ယူဆကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ် မှားယွင်းသူများ စာမေးပွဲဖြေဆိုပြီးမှသာ ကိုယ်တိုင်လာရောက်ပြင်ဆင်ရန် MAJA အသိပေး

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ အမည်နှင့် မွေးသက္ကရာဇ် အချက်အလက်များ မှားယွင်းနေသူများအနေဖြင့် စာမေးပွဲဖြေဆိုပြီးချိန်တွင်သာ သတ်မှတ်အထောက်အထားများနှင့်အတူ စာဖြေသူကိုယ်တိုင် လာရောက်ပြင်ဆင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ဟောင်းအသင်း (MAJA) စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်သည်။ အချက်အလက်အမှား ပြင်ဆင်လိုသည့် စာဖြေသူများသည် ဇူလိုင်လ ၅ ရက် စာမေးပွဲနေ့တွင် ဘာသာရပ် (Section) အားလုံး ဖြေဆိုပြီးဆုံးချိန်၌ မိမိဖြေဆိုသည့် စာစစ်ဌာန (Test...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် ရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် (၂,၅၉၅,၉၃၇ ဒသမ ၅၀) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်သည်။ ဗဟိုဘဏ်၏ FX Trading စနစ်အရ နိုင်ငံခြားငွေ ဝယ်ယူရရှိမှုများတွင် ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးဝယ်ယူခဲ့ပြီး စက်သုံးဆီကဏ္ဍက ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍက ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍက ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍက ၁၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071