တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် စက်တင်ဘာ (၈) ရက် ညပိုင်းတွင် BRICS နိုင်ငံအကြီးအကဲများ အွန်လိုင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ “စည်းလုံးညီညွတ်စွာ ပူး ပေါင်းဆောင်ရွက်၍ ရှေ့သို့လျှောက်လှမ်းမည်” ခေါင်းစဉ်ဖြ င့် မိန့်ခွန်းပြောကြားခဲ့ပြီး အကြံပြုချက်သုံးချက်ကို အဆို ပြုခဲ့ကြောင်း သိရသည်။
ပထမအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မူဝါဒကို လက်ကိုင်ထားပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ(GGI) ကို အဆိုပြုပြီး နိုင်ငံအသီးသီး အတူလက်တွဲလှုပ်ရှားမှုကို တွန်းအားပေးကာ ပိုမိုတရားမျှတ၍ကျိုးကြော င်း ဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တည် ဆောက်ရန်ရွယ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် တံခါးဖွင့်လှစ်၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို လက်ကိုင်ထားပြီး နိုင်ငံတကာ ကုန်သွယ်စီးပွား ရေး စည်းစနစ်အား ကာကွယ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းသည် တားဆီး၍မရသော သမိုင်းရေစီးကြောင်းဖြစ်ကြောင်း၊ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံ တကာ ပတ်ဝန်းကျင်နှင့် ကင်းကွာ၍ မရသလို မည်သူကမျှ မိမိကိုယ်ကို တံခါးပိတ်ထားသော အထီးကျန်ကျွန်းငယ်ဘဝသို့ ပြန်လည်နောက်ဆုတ်သွား၍မရကြောင်းလည်း ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း သိရသည်။
တတိယအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွ က်မှုအား လက်ကိုင်ထား၍ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ပေါင်းစပ်အင်အားကို စုစည်းရမည်ဖြစ်ကြောင်း၊ BRICS နိုင်ငံများ၏ လူဦးရေသည် တစ်ကမ္ဘာလုံး၏ ထက်ဝက်နီး ပါးခန့်ရှိကာ စီးပွားရေး စုစုပေါင်းပမာဏသည်လည်း တစ်ကမ္ဘာလုံး၏ (၃၀) ရာခိုင်နှုန်းခန့် ရှိပြီး ကုန်သွယ်ရေး စုစုပေါင်းပမာဏသည် တစ်ကမ္ဘာလုံး၏ ငါးပုံတစ်ပုံရှိကြောင်း၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာလေ ပြည်ပအန္တရာယ် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်သည့် ယုံကြ ည်မှုသည်လည်း ပိုမိုပြည့်ဝလာလေဖြစ်ပြီး နည်းလမ်းပိုများလာကာ ရလဒ်ပိုမိုကောင်းမွန်လာကြောင်း သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်းသည်။
ထိပ်သီးအစည်းအဝေးတွင် ဘရာဇီးနိုင်ငံ သမ္မတ လူလာက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရုရှားနိုင်ငံ သမ္မတ ပူတင်၊ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa ၊ အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီ၊ အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Khalid နှင့် အိန္ဒိယ၊ အီသီယိုးပီးယား ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
BRICS နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူး ပေါင်းဆောင်ရွက်မှုအား မြှင့်တင်ကာ အကျပ်အတည်း စိန် ခေါ်မှုများကို လက်တွဲရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံစုံပူး ပေါင်းဆောင်ရွက်မှုဝါဒအား အတူတကွ ကာကွယ်ကာ လွတ်လပ်၍ တံခါးဖွင့်လှစ်သော နိုင်ငံတကာကုန်သွယ်ရေးစနစ်အား ကာကွယ်ရမည့်အပြင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအသီးသီးမှ အကြီးအကဲများက သမ္မတ ရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ချက်ကျလက်ကျ ထိမိမှုရှိပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ကောင်းမွန်ပြည့်စုံစေသည့် ဦးတည်ချက်နှင့် လမ်းကြောင်းအား လမ်းညွှန်ပေးသည်ဟု ယူဆကြသည်။
