Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeCelebrities' NewsBrand တွေပဲ ကိုင်​တယ်​လို့ဝေဖန်ခံနေရတဲ့အပေါ်...

Brand တွေပဲ ကိုင်​တယ်​လို့ဝေဖန်ခံနေရတဲ့အပေါ် နေခြည်ဦး ဘာပြောလဲ

နာမည်​ကျော်​ Beauty Blogger လည်းဖြစ်​၊ အနုပညာလောကမှာလည်း အားပေးသူပရိသတ်​တွေရရှိလာတဲ့ နေခြည်​ဦးကတော့ စက်တင်​ဘာလအတွင်းက ပြင်​သစ်​နိုင်​ငံမှာပြုလုပ်​တဲ့ Paris Fashion Week သို့ မြန်​မာနိုင်​ငံကိုယ်​စားပြုအနေနဲ့L’ Oreal Paris နဲ့အတူ တက်ရောက်​ခဲ့ပါတယ်​။ နေခြည်ဦးဟာ မကြာသေးမီက ဖေ့စ်ဘွတ်ခ်မှာ သူ့ရဲ့ အခန်းဖွဲ့စည်းပုံကို ပရိသတ်တွေဆီချပြခဲ့ပြီး အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ပြသခဲ့တဲ့အပေါ် ပရိသတ် တွေက စိတ်ဝင်တစားရှိခဲ့ကြပြီး ဝေဖန်မှုတချို့လည်းရှိခဲ့ပါတယ်။ နောက်ပြီး နေခြည်​ဦးက Brand တွေပဲ ကိုင်​တယ်ဆိုပြီး နာမည်​ကြီးသွားတဲ့အပေါ် ဘယ်လိုခံစားချက်မျိုးဖြစ်မိလဲဆိုတာ မေးမြန်းကြည့်တော့ နေခြည်ဦးက အခုလိုပြောပါတယ်။

”နေခြည်​က ဒီအတိုင်းပဲ ပြလိုက်​တာကို အခုလိုမျိုး နာမည်​ကြီးလာတော့ နေခြည်​ပေါက်​တာပေါ့ နော်။ အခုလိုမျိုး ဝေဖန်​တိုက်​ခိုက်​ကြတဲ့အပေါ် နေခြည်​စိတ်​လည်း မညစ်​ဘူး။ ကိုယ်​က Influencer တစ်​ယောက်​ဖြစ်တဲ့ အတွက်​ နေခြည့်​ကို အမြဲတမ်းကြည့့်နေမှဖြစ်​မှာလေ။ နေခြည့်​ကို မကြည့်​တော့ဘူး၊ Viewer ကျပြီဆိုရင်​ နေခြည်​မအောင်​မြင်​တော့ဘူးလေ”လို့ ပြောပါတယ်​။

နေခြည်ဦးက အောက်​တိုဘာလ ၁ဝ ရက်​နေ့မှာ ဒါရိုက်​တာ ကိုဇော်​(အရုဏ်​ဦး) ရိုက်ကူးမယ့် ‘အောက်​ဖဲမလှန်​ကြေး’ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိ တယ်လို့ သိရပါတယ်​။ ဇာတ်​လမ်းအမျိုးအစားက ဟာသရုပ်ရှင်ဇာတ်ကားပုံစံမျိုးလေးပါ။ အဲဒီရုပ်ရှင်ဇာတ် ကားမှာ ဝါရင့်​သရုပ်​ဆောင်​တွေနဲ့ သရုပ်​ဆောင်​ရမှာဖြစ်​တဲ့အတွက်​ တအားပျော်နေပြီး စိတ်တွေလည်း လှုပ်ရှား နေတယ်လို့ ဆိုပါတယ်။ ဟာသဇာတ်​ရုပ်​ကို သရုပ်​ဆောင်​ရမှာဆိုတော့ ဘယ်​လိုတွေပြင်​ဆင်​ထားလဲဆိုတာကို နေခြည်ဦးက –

”သူငယ်​ချင်းတွေကြားမှာလည်း နေခြည်​က ပေါတောတောနေတော့ အကုန်​လုံးကလည်း ချစ်​ကြတယ်။ သိပ်​မခက်​ဘူးလို့တော့ နေခြည်​ထင်​ပါတယ်​။ ဒါပေမဲ့ ရုပ်​ရှင်​ဖြစ်​တဲ့အတွက်​ ချက်​ချင်းရယ်ဆို ရယ်ရဲပါ့မလား၊ ချက်​ချင်းဟာသပြောဆို ပြောရဲပါ့မလားဆိုပြီး စိတ်​ပူတာပေါ့နော်။ ဒါပေမဲ့အတတ်​နိုင်​ဆုံးစိတ်​ကို Relax ထားတယ်​။ အကောင်းဆုံးပြင်​ဆင်​ပြီး သရုပ်​ဆောင်​သွားမှာပါ။ ကာရိုက်​တာက စပွန်​ဆာ အဘိုးကြီး တွေကို ရှာတဲ့ ကောင်​မလေးနေရာကဆိုတော့ ဟော့ဟော့ ရမ်းရမ်းလေးတော့ နေခြည်​ဝတ်​မှာပါ။ ဒါပေမဲ့ ရုပ်​ရှင်​ဇာတ်ကားကြီးဖြစ်​တဲ့အတွက်​ Brand တွေနဲ့ဆိုရင်​ Fashion နဲ့ပတ်​သက်​ပြီးတော့ သိပ်​မအပ်စပ်​​ဘူးလို့ ထင်တဲ့အတွက်​ ကာရိုက်​တာကို ပီပြင်​အောင်​ ဝတ်စားဆင်​ယင်​မှုကိုတော့ ဂရုစိုက်​မှာပါ”လို့လည်း နေခြည်ဦးက ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း ၊

ဓာတ်​ပုံ – အောင်​ဇော်​မင်း

Ads Space Available


Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071