သရုပ်ဆောင် ဘေဘီမောင်က သူ့ရဲ့ သူငယ်ချင်းနဲ့အတူ စီစဉ်ထားတဲ့ Baby & Barani Beauty Spa & Fashion House ကို မကြာမီ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ သီတာလမ်း၊ တာမွေမြို့နယ်မှာ ဖွင့်လှစ်မယ့် ဒီဆိုင်မှာတော့ မိန်းကလေးများ အတွက် ခေါင်း အစခြေအဆုံး အလှပြုပြင်မှုတွေ ပြုလုပ်နိုင်တဲ့အပြင် ဘန်ကောက်က နောက်ဆုံးပေါ် ဖက်ရှင် ဒီဇိုင်း များလည်း ရရှိနိုင်မယ် လို့ ဘေဘီမောင် က ဆိုပါ တယ်။ ဒီဆိုင်က ရရှိတဲ့ အမြတ်အစွန်းတွေ ကိုလည်း ပရဟိတလုပ်ငန်းတွေ အတွက်လှူဒါန်း သွားမယ် ဆို တဲ့ ဘေဘီမောင်က…
”ဘေဘီ ဒီဆိုင်လေးကို ညီမရဲ့ သူငယ် ချင်း တစ်ယောက်နဲ့ ပူးပေါင်း လုပ် တာပါ။ ဒီသူငယ်ချင်းနဲ့လည်း အရင်က ပရဟိတတွေ အတူတူ လုပ်ခဲ့တယ်။ အခုလည်း ဒီဆိုင်က ရတဲ့အမြတ်တွေကို ဘဏ် အကောင့်ဖွင့်ပြီးတော့ လိုအပ် တဲ့ နေရာတွေမှာ လှူဖို့ အတွက် ရည်ရွယ် ပြီးထားမယ်။ လှူပါမယ်။ မြန်မာ မိန်းကလေးတွေကို လှစေချင်တာအဓိက ရည်ရွယ်ချက်ပါပဲ။ ဆိုင်ရဲ့ အောက် ထပ်က Beauty Spa၊ အပေါ် ထပ်က Fashion ဆိုင်ပါ။ အားလုံး လည်း လှရမယ်၊ ဈေးလည်း မကြီးဘဲဝယ်ယူ နိုင်မယ် ဆိုရင် ညီမကျေနပ်ပါ တယ်။ ဒီဆိုင်ကနေ လည်း ရတဲ့အမြတ်ကို ပရဟိတ လုပ်နိုင်တယ်ဆိုတော့ ပျော်မိမယ်။ တအားလည်း ဝမ်းသာပါတယ်။ လှူလိုက်လို့ လိုအပ်တဲ့သူတွေ အဆင်ပြေသွားရင် ကျေနပ်ပါတယ်” လို့ပြောပါ တယ်။
ဆက်လက်ပြီး ဘေဘီမောင်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ‘တစ်ခါကရန်ကုန် မြို့ပြ’ ရုပ်ရှင်ဇာတ် ကားကြီးမှာ လူမင်း၊ မင်းရာဇာ၊ စွမ်း၊ ဘုဏ်းသိုက်၊ ဇွဲနိုင်ဝင်း၊ ထူးခြား၊ မိုးဟေကို တို့နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း