ASEAN Women Circle of Los Angeles (AWCLA)၏ အလှည့်ကျဥက္ကဋ္ဌ Mrs. Catherine Amon Cruz မှ မန္တ လေးငလျင်ဒဏ်သင့်သူများအတွက် အမေရိကန်ဒေါ် လာ(၄,၀၀၀)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၉ ရက်က လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Philippine Department of Tourism ၌ကျင်းပသည့် ASEAN Women Circle of Los Angeles (AWCLA)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ပွဲတွင် မြန် မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူထံ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်မှ လှူဒါန်းမှုအတွက် ကျေးဇူး တင်ကာ မြန်မာနိုင်ငံရှိ အမျိုးသားသဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် နိုင်ငံခြားရေးဝန် ကြီးဌာနတို့သို့လွှဲပြောင်းပေးအပ်သွားမည်ဟုပြောကြားပြီး အသိအမှတ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
AWCLA ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား Mrs. Catherine Amon Cruz မှ ထိုင်းကောင်စစ်ဝန်ချုပ်၏ ဇနီး Mrs. Sirigamon Saralamba ထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
