ရုရှားဗဟိုစစ်ဘက်ဆိုင်ရာစစ်ရေးဌာန၏ စစ်ရေးစစ်အင်အားစုများမှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ရုရှားတို့ သိမ်းယူရရှိထားသော ဒွန်းနက် ပြည်သူ့သမ္မတနိုင်ငံ(DPR) ရှိ Avdeyevka မြို့၏ ဧရိယာတစ်ဝက်နီးပါးကို မိုင်းများအပါအဝင် ပေါက်ကွဲစေတတ်သော ပစ္စည်းများရှင်းလင်းပြီးဖြစ်ကြောင်း ယင်းသေကိုကွပ်ကဲကိုင်တွယ်နေသည့် တပ်မှူး၏ ပြောကြားချက်ကို ကိုးကား၍ အစ်ဇဘက်ရှားနေ့စဉ်သတင်းစာကဆိုထားသည်။
“Avdeyevka မြို့ တစ်ခုလုံးရဲ့ထက်ဝက်နီးပါးမှာ ရှိနေတဲ့ ပေါက်ကွဲစေတဲ့အန္တရာယ်ရှိပစ္စည်းတွေကိုရှင်းပစ်လိုက်တယ်။ ဒီနေရာမှာရှိတဲ့ နေထိုင်ကြတဲ့ လူတွေကိုကြောက်ရွံ့ခြင်းမရှိဘဲနေထိုင်နိုင်ကြစေဖို့ ကူညီပေးနေတာဖြစ်တယ်ဟု” ဒေသဆိုင်ရာ တပ်မှူးကပြောကြားသည်။ “သူတို့က ကျွန်တော်တို့ကို သံသယဖြစ်စရာတစ်ခုခုရှာတွေ့ရင် လာပြီးအကြောင်းကြားပါတယ်”ဟုလည်းသူဆိုသည်။