Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal NewsArsec-Asia Inline Speed...

Arsec-Asia Inline Speed Skating Challenge 2023 ပြိုင်ပွဲတွင် မြန်မာမှ ရွှေ (၂) ၊ ငွေ (၂) ရရှိ

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသော Arsec-Asia Inline Speed Skating Challenge 2023 ပြိုင်ပွဲတွင် မြန်မာမှ ရွှေ (၂) ၊ ငွေ (၂) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖိတ်ခေါ် စီနီယာ ပြိုင်ပွဲကို Arsec အာရှ speed skating technical အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အထိကျင်းပခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီယား၊ မြန်မာ (၆) နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုစကိတ်အသင်းဖြစ်သည့်မောင်အောင်ကျော်ဇင်(Team Phoenix)မှ မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေ (၁)၊ မီတာ (၁၀၀၀) တွင် ငွေ (၁)၊ မောင်ခင်လှိုင် (တွံ့တေးစကိတ်အသင်း)မှ မီတာ (၁၀၀၀) အပြေးတွင်ရွှေ(၁) ခု၊ မီတာ (၅၀၀) တွင်ငွေ (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု ရရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071