Monday, March 17, 2025

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...

ပူတင် နှင့် ထရမ့် နက်ဖြန်...

အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆို‌ဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့...
HomeNews

Category: News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

အောက်တိုဘာ ပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင်...

အောက်တိုဘာ ပထမ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးအများစု၏ မြစ်ရေများ စိုးရိမ်ရေမှတ်အထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ (၁) ရက်ကအသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ထုတ်ပြန်ချက်အရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့နှင့်ရွှေကူမြို့တို့တွင် (၁)ပေမှ(၂)ပေခန့်၊ မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် ပေဝက်မှ (၂)ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့ပြင် ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့ ၊ မြင်းမူမြို့၊ပခုက္ကူမြို့၊ညောင်ဦးမြို့...

ခရီးသွားကဏ္ဍအတွက် ထုတ်ပေးထားသည့် ကိုဗစ်ချေးငွေ...

ကိုဗစ်ရန်ပုံငွေမှ ခရီးသွားကဏ္ဍအတွက် ထုတ်ချေပေးထားသည့် ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို ပြန်မဆပ်နိုင်ကြသေးကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသ ည်။ " တော်တော်များများက ပြန်မဆပ်နိုင်ကြသေးဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ဆပ်တာရှိတယ်။ ရတဲ့ချေးငွေက ဝန်ထမ်းစရိတ်နဲ့တင် ကုန်သွားတာ။ ခုချိန်ထိ မလည်ပတ်နိုင်သေးတယ့်ကုမ္ပဏီမှ အများကြီး"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ...

သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းပေါ်တွင် Light...

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာ (၁) ရက် နံနက် (၁၁) နာရီခန့်က YBS 111 မှ Light Truck ယာဉ်၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။ "လေးထောင့်ကန် လမ်းမကြီးပေါ်က ခပ်ချီးယားမှတ်တိုင်နားမှာဖြစ်သွားတာ။ ဝင်တိုက်မိတဲ့...

MAI လေကြောင်းမှ ကုန်တင်လေယာဉ်ကို...

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှ ကုန်တင်လေယာဉ်ကို စက်တင်ဘာ (၃၀)ရက်က ရန်ကုန် - ဘန်ကောက် ခရီးသို့ စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသ ည်။ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ကုန်တင်လေယာဉ် Boeing 737-300F လေယာဉ် အမျိုးအစားဖြစ်ပြီး ထုထည်အရွယ်အစားကြီးမားသော ကုန်ပစ္စည်းများနှင့် အန္တရာယ်ရှိသော...

ကျပ်သိန်းငါးထောင် အောင်ဘာလေထီဆုကြီးကို အောင်ကုဋေဟိန်း...

ယနေ့ အောက်တိုဘာ (၁)ရက်တွင် ဖွင့်လှစ်သည့် အောင်ဘာလေ ကျပ် ၁၀၀၀ တန် သိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ဆုကို အောင်ကုဋေဟိန်း ထီဆိုင်မှ ပေါက်မဲနံပါတ် ဃ ၉၄၄၃၀၀ ဖြင့်ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျပ်သိန်း ၂၀၀၀ ဆုဖြစ်သည့် နံပါတ်မှာ ဃ ၈၃၃၁၄၇...

ရှိပြီးသား ဓာတ်အားပေးစက်ရုံများ ပျက်စီးမှုမရှိစေရေးစနစ်တကျ...

လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အသစ်တည်ဆောက်ခြင်းမပြုလုပ်နိုင်မီကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းမောင်းနှင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက မှာကြားသည်။ စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၊ ဖြူးမြို့၏ အနောက်ဘက် (၇)မိုင်ခန့်အကွာရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန် စက်များ၏...

စလင်းရေလှောင်တမံ ရေပိုလွှဲမှ ၂...

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ ရေပိုလွှဲမှ ၂ပေခွဲခန့် ရေကျော်နေသဖြင့် တမံအတွင်း (၂၄) နာရီရေကင်းများချထားကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ စလင်းရေလှောင်တမံအား ယနေ့အောက်တိုဘာ (၁) ရက်နံနက် (၆) နာရီက တိုင်းထွာခဲ့ရာ တမံရေပြည့်အမှတ်(၇၆၀)ပေတွင် ပင်မရေပိုလွှဲမှ ၂ပေခွဲ ရေကျော်ကျလျက်ရှိခြင်းဖြစ်ကာ စိုးရိမ်ရသည့်အခြေအနေတွင်မရှိကြောင်း...

Taxi မောင်းသူတစ်ဦး ကျန်းမာရေးအခြေအနေကြောင့်...

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ချော်တွင်းကုန်းမှတ်တိုင်အနီးတွင် Taxi မောင်းသူတစ်ဦး ကျန်းမာရေးအခြေအနေကြောင့် ကားပေါ်တွင်သတိလစ်နေခဲ့မှု စက်တင်ဘာ ၃၀ ရက်ည ၉ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်)မှ သိရသည်။ "ကားပေါ်မှာ ကျန်းမာရေးအခြေအနေကြောင့် သတိလစ်သွားတာ တခြားတိုက်မိတာမရှိပါဘူး သတင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ် အသက်(၄၀)ကျော်အရွယ်လောက်ရှိပြီ သူ့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရတဲ့အတွက် ကားသော့နဲ့ဖုန်းကို မိသားစုဝင်တွေဆီသေချာပြန်အပ်ပေးခဲ့ပါတယ်"ဟု မြန်မာ့ကြယ်ဖြူအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဥ်မှ...

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းမှာ...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းမှာ နောက်(၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်နိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!