Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

<<< Breaking News...

မတ်လ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ နွေရာသီရောက်မည်ဖြစ်ပြီး၊ ဖာရင်ဟိုဒ် ဒီဂရီ ရာကျော်သည်အထိ ပူပြင်းမည် ထိုင်းနိုင်ငံသည် မတ်လ ၅ ရက်နေ့တွင် နွေရာသီသို့ဝင်ရောက်တော့မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှ ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ်(၁၀၄ ဒီဂရီ...

မလေးရှားရေကြီး၊ သုံးဦးသေ၊ သုံးသောင်းခွဲကျော်...

ကွာလာလမ်ပူ၊မတ် ၃ မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာလူသုံးဦးထက်မနည်း သေဆုံးပြီး သုံးသောင်းခွဲကျော်သည် ဘေးလွတ်ရာသို့ရှောင်နေရကြောင်းသိရသည်။ ရေဘေးရှောင်များအတွက် ဂျိုဟာ၌ ယာယီစခန်း ၂၀၉ ခုဖွင့်လှစ်ပေးထားပြီး ယနေ့မတ်လ ၃ ရက်အထိ စုစုပေါင်း ၃၁,၈၆၅ ဦးသည် ယာယီစခန်းသို့ ရောက်ရှိနေပြီဟု သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီကပြောကြားခဲ့သည်။ အခြားပြည်နယ်များ၌လည်း ယာယီကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားပြီး ရေဘေးရှောင်များအား ကူညီပေးလျက်ရှိကြောင်းသိရသည်။ ရေကြီးမှုကြောင့်သေဆုံးသူ...

ကမ္ဘာ့ဖလားရပြီးနောက် အသင်းဖော်များနှင့် ဝန်ထမ်းများကို...

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သည့် မက်ဆီသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဖလားရပြီးနောက် အသင်းဖော်နှင့် ဝန်ထမ်းများ စုစုပေါင်း ၃၅ ဦးကို ၂၄ ကာရက်ရွှေဖြင့် ဖုံးအုပ်ထားသော အိုင်ဖုန်းများကို လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။ မက်ဆီသည် အဆိုပါရွှေအိုင်ဖုန်း ၃၅ လုံးအတွက် စတာလင်ပေါင် ၁ သိန်း ၇ သောင်းခွဲ...

ဗင်နီဇွဲလား ဆယ်လီတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့...

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဗင်နီဇွဲလားနိုင်ငံသူ အိမ်ထောင်သည် ဆယ်လီတစ်ဦးနဲ့ အတူတူအိပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ပြတ်ပြတ်သားသား  ငြင်းဆိုလိုက်ပါတယ်။ ဘလော့ဂါတစ်ဦးဖြစ်တဲ့ ဂျော်ဂျီလာရာ က ရော်နယ်ဒိုနဲ့ သူဟာ ပြီးခဲ့နှစ် မတ်လ ၂၅ ရက်နေ့က ပေါ်တူဂီနိုင်ငံမှာရှိတဲ့ ဟိုတယ်အခန်းတစ်ခုမှာ အတူအိပ်ခဲ့ကြတယ်လို့ ပြောလာပါတယ်။  ဂျော်ဂျီလာရာ...

ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် အမေရိကန်နှင့်...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်တို့သည် အိန္ဒိယနိုင်ငံ နူးဒေလီမြို့တွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ၏ ပြင်ပတွင် မတ်လ ၂ ရက် ကြာသပတေးနေ့က ခဏတာ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယူကရိန်းအရေးအခင်း စတင်ပြီးနောက်ပိုင်း သူတို့နှစ်ဦးပထမဆုံးအကြိမ်...

ရုရှားက အဆက်မပြတ်တိုက်ခိုက်နေသော်လည်း ယူကရိန်းတပ်များ...

ရုရှားတပ်များသည် တစ်နှစ်ကျော်ကာလအတွင်း ၎င်းတို့၏ ပထမဆုံးထူးခြားသောအောင်ပွဲအတွက် တွန်းအားပေး၍ အဆက်မပြတ်တိုက်ခိုက်မှုများကြားတွင်ပင်ယူကရိန်းတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut မြို့တွင် ဆက်လက်တပ်စွဲနေကြဆဲဖြစ်သည်။ Bakhmut ကို သိမ်းယူခြင်းသည် မဟာဗျူဟာကျသော Donbas စက်မှုဇုန်ကို အပြည့်အဝထိန်းချုပ်နိုင်စေသည့် လမ်းကြောင်းပေါ်ရောက်ရှိစေမည့် အဓိကရည်ရွယ်ချက်များထဲမှတစ်ခုဖြစ်ကြောင်း ရုရှားကဆိုသည်။ "ကျွန်ုပ်တို့၏ Bakhmut မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ...

အမေဇုန်တောမှာ တီကောင်နဲ့ ကြင်ငယ်ရည်တွေ...

ဘိုလီးဗီးယားနိုင်ငံသားတစ်ဦးဟာ အမေဇုန်တောမှာ သူငယ်ချင်းတွေနဲ့အတူ အမဲလိုက်ထွက်ရာကနေ အုပ်စုကွဲပြီး လမ်းပျောက်သွားတဲ့အတွက် ၃၁ ရက်ကြာအောင် တီကောင်နဲ့ အင်းဆက်တွေ စားပြီး အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၃၀ အရွယ် ဂျွန်နသန် အာကိုးစတာ ကို ပျောက်ဆုံးတာ တစ်လတိတိကြာပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ် စနေနေ့မှာ ရှာဖွေကယ်ဆယ်ရေးအသင်းက ပြန်လည်ရှာဖွေ့တွေ့ရှိခဲ့တာပါ။ အာကိုးစတာ...

တုကီယေးငလျင်အပြီးအပျက်အစီးများအောက် ၂၃ ရက်ကြာပိတ်မိနေသည့်...

တုကီယေးနှင့်ဆီးရီးယားငလျင်လှုပ်ခတ်မှုအပြီး တစ်လနီးပါးကြာခဲ့ပြီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ ယနေ့တွင် အပျက်အစီးပုံများအောက် ၂၃ ရက်ကြာပိတ်မိနေသည့် ဟက်စကီးအမျိုးအစားခွေးကလေးအဲလက်စ်အား ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးရှင်းလင်းရေးလုပ်ဆောင်နေစဉ် တိုက်အပြိုအပျက်များ၏အောက်မှ အဆိုပါခွေးကလေး၏ညည်းသံအား ကြားခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။ထို့ကြောင့်ကယ်ဆယ်ရေးသမားများမှ ခွေးလေးအဲလက်စ်အားကယ်နိုင်ရန် အသည်းအသန်လုပ်ခဲ့သော်လည်း အချိန်တစ်နာရီခွဲနီးပါးကြာမြင့်ခဲ့သည်ဟုဆိုသည်။ ယင်းနောက်ကယ်ဆယ်ရေးသမားများ အဲလက်စ်အားရှာဖွေတွေ့ရှိချိန်၌ ခွေးလေးသည်အမြီးလေးနံ့ပြကာ ၎င်းအားကူညီရန် အကူအညီတောင်းခံခဲ့သည်ဟု ကယ်ဆယ်ရေးသမားများကပြောကြားခဲ့သည်။ အဲလက်စ်အားကယ်တင်ပြီးနောက် အစာနှင့်ရေများတိုက်ကာ...

ထိုင်းနိုင်ငံ၌ပြုလုပ်နေသည့် “Cobra Gold”...

ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ ပါဝင်နေသည့်အမေရိကန်စစ်သားတစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ စစ်ရေးလေ့ကျင့်ရေးစခန်းမှ ရေချိုးခန်းအတွင်း၌သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။ အဆိုပါစစ်သားသေဆုံးနေသည့် အမှတ် (၃၁) ခြေလျင်တပ်ရင်းသို့ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏ခေါင်း၌ဒဏ်ရာရထားသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။သေဆုံးသူသည်မည်သူမည်ဝါဖြစ်သည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုတာဝန်ရှိသူများက မပြောကြားဘဲသေဆုံးရသည့် အကြောင်းနှင့်ပတ်သက်၍သံသယဖြစ်စရာများကိုပါထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။ ထိုင်းမီဒီယာများကမူ အဆိုပါစစ်သားသည် ရေချိုးခန်းအတွင်းလဲကျကာ ဦးခေါင်းကွဲသေဆုံးခြင်းမျိုးဖြစ်နိုင်သည်ဟုဖော်ပြကြသော်လည်း အတည်ပြုနိုင်ရန်ရင်ခွဲစစ်ဆေးမှုရလဒ်အားစောင့်ဆိုင်းနေဆဲဖြစ်သည်ဟုဆိုသည်။ “Cobra Gold” စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံပေါင်း ၃၀...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!