Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

ဩစတြေးလျ၏အကြီးဆုံးစစ်သင်္ဘော ဖိလစ်ပိုင်နှင့်အမေရိကတို့၏စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်လာ

မနီလာ၊ဩဂုတ် ၂၁ တရုတ်၏စစ်အင်အားတောင့်တင်းလာမှုမှ ကာကွယ်ရေးကို မြှင့်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်၌ပြုလုပ်နေသော ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ဩစတြေးလျ၏အကြီးဆုံးစစ်သင်္ဘောလည်းပါဝင်လာကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ပိုင်နက်အားလုံးနီးပါးမှာ ၎င်း၏အပိုင်ဖြစ်သည်ဟုဆိုထားသော်လည်း နိုင်ငံတကာက၎င်း၏ပြောဆိုမှုသည်တရားမဝင်ကြောင်းပြောကြားခဲ့သည်။ ယင်းနောက်တရုတ်နိုင်ငံသည် ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် အခြားသင်္ဘောများအား ရာနှင့်ချီကာ တောင်တရုတ်ပင်လယ်ပြင်ကို ကင်းလှည့်ရန်နှင့် စစ်ရေးတင်းကြပ်ရန်တပ်ဖြန့်ထားကြောင်းလည်းသိရသည်။ သြစတြေးလျနှင့်ဖိလစ်ပိုင်တို့မှ တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်သည် သြဂုတ်လ ၁၄ ရက်မှ ၃၁...

ကမ္ဘောဒီးယားပါလီမန်က ဟွန်မာနက်အားဝန်ကြီးချုပ်အသစ်အဖြစ်အတည်ပြု

ဖနွမ်းပင်၊ဩဂုတ် ၂၂ ကမ္ဘောဒီးယားနိုင်ငံအား ဝန်ကြီးချုပ်အဖြစ် ၃၈ နှစ်ကြာအုပ်ချုပ်ခဲ့သော ဟွန်ဆန်၏သားဖြစ်သူ မစ္စတာဟွန်မာနက်အား ကမ္ဘောဒီးယား၏ဝန်ကြီးချုပ်အသစ်အဖြစ် ပါလီမန်ကယနေ့အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။ ယခုကဲ့သို့ လွှဲပြောင်းပေးအပ်မှုသည် လူဦးရေ ၁၆ ဒသမ ၅ သန်းရှိသည့်အရှေ့တောင်အာရှနိုင်ငံ အတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ကမ္ဘောဒီးယားပါလီမန်၊အမျိုးသားလွှတ်တော်တွင် ယုံကြည်မှု အဆိုကို မဲခွဲဆုံးဖြတ်ပြီးနောက် မစ္စတာမာနက်အား ၀န်ကြီးချုပ်အဖြစ်အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။ ခေါင်းဆောင်မှုပိုင်းအတွက် ကာလရှည်ကြာ လေ့ကျင့်သင်ကြားပေးထားသည့်...

ထိုင်း ဝန်ကြီးချုပ်သစ် ဆုံးဖြတ်ရွေးချယ်မည့်ရက်တွင်...

ရှပ်နီပါတီဖြစ်တဲ့ ဖြူထိုင်းပါတီထောက်ခံသူများသည် ယခုအင်္ဂါနေ့မနက်ပိုင်းက ၀န်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းသို့ရောက်ရှိလာမှုကို စောင့်ကြိုနေခဲ့ကြသည်။ ဖြုတ်ချခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် သက်ဆင်သည် ၁၇ နှစ်ကြာပြီးနောက် အမိမြေသို့တရားရင်ဆိုင်ရန် တရားဝင်ပြန်လာခြင်းဖြစ်သည်။ ထောက်ခံသူချို့က သူ့မျက်နှာကို မမြင်ရရင်တောင် သူပြန်လာတာနဲ့တင် ပျော်တယ်ဟုဆိုကြသည်။ သက်ဆင်သည် ပုဂ္ဂလိက ဂျက်လေယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် စင်ကာပူမှတဆင့်ရောက်ရှိလာပြီဖြစ်သည်။ အဂတိလိုက်စားမှုဆိုင်ရာ စီရင်ချက်များအား...

က​မ္ဘောဒီးယား ဝန်ကြီးချုပ်အသစ်နှင့်အစိုးရအဖွဲ့အား လွှတ်​တော်ကအတည်ပြုပြီ

က​မ္ဘောဒီးယားအစိုးရသစ်၏ ဝန်ကြီးသစ်များ ဖွဲ့စည်းမှုကို ပြည်ထောင်စုလွှတ်တော်က ယ​နေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက် နံနက်ကကျင်းပသည့် ၇ ကြိမ်မြောက် လွှတ်တော်၏ ပထမအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးတွင်အတည်ပြုလိုက်ပြီဖြစ်သည်။ ဝန်ကြီးချုပ်အသစ်အဖြစ် ဟွန်ဆန်၏သား ဒေါက်တာ ဟွန်မာနက်ကို ဝန်ကြီးများအဖွဲ့က အပြည့်အ၀ အတည်ပြုခဲ့သည်။ အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ်...

<<<< Breaking News...

သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ထိုင်းနိုင်ငံမှ ၁၇ နှစ်ကြာ ခွဲခွာနေခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းတွင် ချမ်းသာကြွယ်ဝသူ သက်ဆင်သည် စင်ကာပူမှ ကိုယ်ပိုင်လေယာဉ်ဖြင့် ပျံသန်းလာပြီး ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ ယနေ့ အင်္ဂါနေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီ (၀၂း၀၀...

မန်ဆာချူးဆက်၌ ‌မိုးပေါ်မှရေခဲတုံးကြီးပြုတ်ကျ၊အိမ်တစ်လုံးပျက်စီး

မန်ဆာချူးဆက်ပြည်နယ်၌ ကောင်းကင်မှရေခဲတုံးကြီးတစ်တုံးပြုတ်ကျလာသဖြင့် အိမ်တစ်အိမ်၏ခေါင်မိုးပျက်စီးသွားကြောင်း အိမ်ပိုင်ရှင်များကပြောကြားခဲ့သည်။ ၎င်းရေခဲတုံးသည် ဘော်စတွန်လော်ဂန်လေဆိပ်သို့သွားသည့်လေယာဉ်ပေါ်မှ ပြုတ်ကျခြင်းဖြစ်နိုင်ကြောင်း အဆိုပါအိမ်ပိုင်ရှင်ဇနီးမောင်နှံကပြောကြားခဲ့သည်။ အိမ်အမိုးပျက်စီးသွားသော်လည်း အိမ်ရှင်ဇနီးမောင်နှံနှင့် ၎င်းတို့ကလေးနှစ်ဦးအားထိခိုက်ဒဏ်ရာရခဲ့ခြင်းမျိုးမရှိကြောင်းလည်းသိရသည်။ရေခဲတုံးသည် ၆ ကီလိုနှင့် ၉ ကီလိုကြားအလေးချိန်ရှိသည်ဟုလည်းအိမိရှင်အမျိုးသားကပြောကြားခဲ့သည်။ ယခုဖြစ်စဉ်အတွက် တာဝန်ရှိသူများကစုံစမ်းနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။အိမိခေါင်မိုးပျက်စီးမှုသည် အပြင်ဘက်မှကြည့်လျှင် ၁၈ လက်မခန့်သာရှိသော်လည်း အိမ်အတွင်းပိုင်း၌မူ ယင်းပမာဏထက်ပိုကြီးသည်ဟုလည်း၎င်းကဆိုခဲ့သည်။ Source : AP

ဘရာဇီး၌ဘောလုံးပွဲမှအပြန်ကားမှောက်သဖြင့် ၇ ဦးသေဆုံးကာ...

ရီယိုဒီဂျနေးရိုး၊ဩဂုတ် ၂၁ ဘရာဇီးနိုင်ငံအနောက်တောင်ပိုင်း၌ ဘောလုံးပွဲမှပြန်လာသည့် ဘောလုံးပရိသတ်များအားတင်ဆောင်လာသော ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘောလုံးပရိသတ် ၇ ဦးသေဆုံးကာ ၂၇ ဦးဆေးရုံတင်ခဲ့ရကြောင်းသိရသည်။ ယခုမတော်တဆမှုသည် ကားဘရိတ်ပေါက်ပြီး ထိန်းချုပ်မရတော့ရာမှဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းကိုယ်‌တွေ့ကြုံခဲ့သူများ၏ပြောစကားအရသိရသည်။ ဆော်ပိုလို၏ ကော်ရင်သီရန်ဘောလုံးအသင်းပရိသတ် ၄၀ ကျော်သည် Belo Horizonte ရှိ ဘောလုံးပွဲမှပြန်လာခြင်းဖြစ်သည်။သေဆုံးသူ ၇ ဦးရှိပြီး ဆေးရုံပို့ထားသူများ၏ အခြေအနေကိုမူ သက်ဆိုင်ရာက ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးပေ။ ဘရာဇီးနိုင်ငံတစ်ဝန်းမှ...

ဒိန်းမတ်သည် ယူကရိန်းသို့ F-16...

ဒိန်းမတ်အစိုးရသည် ယူကရိန်းသို့ F-16 တိုက်လေယာဉ် ၁၉ စင်း ထောက်ပံ့ပေးရန် အဆင်သင့်ရှိကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ဒိန်းမတ်သည် ယူကရိန်းသို့ F-16 တိုက်လေယာဉ် ၁၉ စင်း ထောက်ပံ့မည်ဖြစ်ကြောင်း ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားပြီး နယ်သာလန်နှင့်အတူ ဒိန်းမတ်သည် F-16...

ဖူကူရှီးမားရေဆိုးမစွန့်ထုတ်ခင် ဖူကူရှီးမားစက်ရုံသို့ဂျပန်ဝန်ကြီးချုပ်သွားမည်

တိုကျို၊ဩဂုတ် ၂၀ ဂျပန်နိုင်ငံသည် ပြည်တွင်းပြည်ပက ဆန့်ကျင် နေကြသော်လည်း မကြာမီအချိန်အတွင်း ဆူနာမီဒဏ်သင့်ဖူကူရှီးမားနျူစက်ရုံမှရေဒီယိုသတ္တိကြွရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းစွန့်ထုတ်မည်ဖြစ်သည်ဟုသိရသည်။ မစ္စတာကီရှီဒါသည် အဆိုပါအစီအစဉ်အားအကောင်အထည်မဖော်မီ ဖူကူရှီးမားသို့သွားကာ စွန့်ထုတ်မည့်ရေသည်အဏ္ဏဝါဂေဟစနစ်အားမထိခိုက်နိုင်ကြောင်း အလေးပေး ဖေါ်ပြ ရန်သွားရောက်မည်ဖြစ်သည်ဟုဆိုသည်။ အဆိုပါအစီအစဉ်အား လွန်ခဲ့သည့်နှစ်နှစ်ကတည်းကစတင်ရန်လုပ်ခဲ့သော်လည်း ဂျပန်ငါးဖမ်းလုပ်ငန်းအဖွဲ့အစည်းက အပြင်းအထန်ကန့်ကွက်ခဲ့ပြီး တောင်ကိုရီးယားနှင့်တရုတ်တို့ကလည်း ဆန့်ကျင်ခဲ့ကြကာ နိုင်ငံရေးနှင့်သံတမန်ရေးရာပြဿနာများအထိပါဖြစ်ပေါ်ခဲ့သည်။ ဂျပန်အစိုးရနှင့်စက်ရုံအော်ပရေတာဖြစ်သည့် Tokyo Electric Power Company...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!