ရှမ်းပြည်နယ်၊နမ့်စန်မြို့နယ်၊နမ့်မော်ခေါက်ဆင့်ကျေးရွာအနီး၌ မတ် ၃ ရက်မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယမန်နေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် နမ့်စန်မြို့နယ်၊နမ့်မော်ခေါက်ဆင့်ကျေးရွာအနီးရှိ နမ့်စန်-ခိုလမ်သွားကားလမ်းတွင် လောက်ဆန်း (၂၃)နှစ်မောင်းလာသည့် ALPHARD ကားအားစစ် ဆေးခဲ့ကြသည်။
ကားပေါ်တွင် ဝှက်၍သယ်ဆောင်လာသည့် ငွေကျပ် ၁၉၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၆ တုံး(အလေးချိန် ၁၆ ဒသမ ၁ ကီလို)အားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် လောက်ဆန်းအား နမ့်စန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ် ဆေးလျက်ရှိကြောင်း သိရသည်။