Wednesday, May 21, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း...

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့်...

စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိုင်ဝန်ကြီးချုပ် ဗြိတိန်နှင့်...

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊...

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ Messe Frankfurt France မှ...
HomeInternationalAI နည်းပညာအသုံးပြု၍ စမတ်ဖုန်းမှတစ်ဆင့်...

AI နည်းပညာအသုံးပြု၍ စမတ်ဖုန်းမှတစ်ဆင့် ကလေးငယ်များ၏ အကြားနှင့်အမြင်အာရုံ ချွတ်ယွင်းမှုကို စုံစမ်းရှာဖွေ

ဆွန်ယက်ဆင်တက္ကသိုလ် နှင့် ရှန်ဟိုင်းကျောင်းတုံတက္ကသိုလ်တို့မှ တရုတ်သိပ္ပံပညာရှင်များသည် ဉာဏ်ရည်တု(AI) နည်းပညာကိုအသုံးပြု၍ စမတ်ဖုန်းများမှတစ်ဆင့် ကလေးငယ်များအကြားအာရုံနှင့် အမြင်အာရုံချို့ယွင်းမှုကို စုံစမ်းရှာဖွေနိုင်ခဲ့ကြသည်။

အမြင်အာရုံချို့ယွင်းမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများတွင် ရေရှည်မသန်စွမ်းမှုဖြစ်စေသည့် အရေးအကြီးဆုံးအကြောင်းရင်းတစ်ခုဖြစ်သည်။သို့တိုင်အောင် ကလေးများသည် ပုံမှန်အမြင်စမ်းသပ်မှုများကို အကန့်အသတ်ဖြင့်သာ ပူးပေါင်းဆောင်ရွက်နိုင်သောကြောင့် ၎င်းတို့ကို စောစီးစွာ သိရှိနိုင်မှုသည် မကြာခဏ လွဲချော်နေလေ့ရှိသည်။

ယခုပေါ်ပေါက်လာသော ဉာဏ်ရည်တု AI နည်းပညာဖြင့် ထိန်းချုပ်သည့် စမတ်ဖုန်းအခြေပြု နက်ရှိုင်းစွာသင်ယူမှုစနစ် Apollo Infant Sight (AIS)ကမူ မျက်လုံးအမူအရာများနှင့် မျက်နှာအသွင်အပြင်များကို မှတ်တမ်းတင်ကာ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကလေးငယ် ၁၆ ဦး၏ အမြင်အာရုံချို့တဲ့မှုကို ခွဲခြားသိမြင်နိုင်စေခဲ့ကြောင်း ကြာသပတေးနေ့ထုတ် Nature Medicine ဂျာနယ်တွင် ဖော်ပြထားသည်။

AIS စနစ်သည် ယင်းအချက်များကို ခွဲခြမ်းစိတ်ဖြာသိရှိရန်အတွက် လေးနှစ်အောက် ကလေး ၃၆၅၂ ဦးမျက်နှာသွင်ပြင်နှင့် မျက်လုံးလှုပ်ရှားမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို စုဆောင်းကာ ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။

စမတ်ဖုန်းများပေါ်တွင် AIS စနစ်ကိုအသုံးပြုခြင်းအားဖြင့် သာမန်မိဘများ သို့မဟုတ် ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးသူများသည် အရည်အသွေးမြင့် စစ်ဆေးသိရှိမှုကို ရရှိနိုင်ကြောင်း Nature Medicine ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

Ref: AI-based early detection of visual impairment on smartphone: study

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။ ကျောင်းအုပ်ဆရာ၊ ဆရာမများ အားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းကို မပြုလုပ်ရန် အသိပေးထားသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့်ကျောင်း သား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုလည်းအခမဲ့...

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိသည် ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမဒ်အီရှက်ခ်ဒါနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ဆက်လက်၍လည်း၎င်းက ပါကစ္စတန်နှင့်အိန္ဒိယတို့အကြားအပစ်အခတ်ရပ်စဲရေးသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အ‌ထောက်အကူပြုသကဲ့သို့ နှစ်ဖက်လုံး၏အခြေခံကျသော ရေရှည်အကျိုးစီးပွားကိုလည်းအထောက်အကူဖြစ်စေကာ နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်လည်းဖြစ်သည်ဟုဆိုခဲ့သည်။ Source : ရှင်းဟွာ

စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိုင်ဝန်ကြီးချုပ် ဗြိတိန်နှင့် မိုနာကိုသို့သွား

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊ အားကစားနှင့် ခရီးသွားလာရေး စသည်တို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ကြိုးစားမည်ဖြစ်သည်။ ၎င်း၏ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က“Thai SELECT” ဖွင့်ပွဲကိုတက်​ရောက်မည်။ ဗြိတိန်မှစားသောက်ကုန်တင်သွင်းသူများ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ မိုနာကို၌ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် F1 ပြိုင်ပွဲများ ကျင်းပနိုင်ခြေကို လေ့လာရန် Formula One (F1) အမှုဆောင်အရာရှိများနှင့် တွေ့ဆုံမည်။ Thai SELECT သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071