AHA Centre အနေဖြင့် မြန်မာပြည်သူများထံအကူအ ညီများထိရောက်လျင်မြန်စွာရောက်ရှိရေး မြန်မာနိုင်ငံအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက တိုက် တွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန(AHA Centre)၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း အား ယနေ့ ဇူလိုင် ၁ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
AHA Centre အနေဖြင့် အမှန်တကယ်အကူအညီလို အပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများထိရောက်လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအ စိုးရနှင့် နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အရေးကြီးသည်ဟု တိုက်တွန်းပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက AHA Centre နှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်နိုင်မည်များကိုအကြံပြုခဲ့ပြီး AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေ ဖြင့်ဆက်လက်ပံ့ပိုးပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ AHA Centre ၏ အမှုဆောင်ဒါရိုက်တာကလည်း AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး လုပ် ငန်းစဉ်များအကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများကိုကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူ သားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အစီအစဉ်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
