ပရိုလိုင်စင်နောက်ဆုံးအဆင့် သင်တန်းတွင် မြန်မာနည်းပြ ဒေါ်စန်းစန်းသိန်း ရေးဆွဲထားသည့် ISPE အမျိုးသမီးအသင်း၏ (၆)နှစ် အစီအစဉ်ကိုတင်ပြ
အာရှဘောလုံးအဖွဲ့ချုပ် AFC နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ် JFA တို့ပူးပေါင်းကျင်းပသည့် AFC–JFA Pro Diploma Course for Elite Female Coaches ၏ နောက်ဆုံးအဆင့်ဖြစ်သည့် Module 4 သင်တန်း၌ မြန်မာနည်းပြ ဒေါ်စန်းစန်းသိန်း ရေးဆွဲထားသည့် ISPE အမျိုးသမီးအသင်း၏ (၆)နှစ် အစီအစဉ်ကိုတင်ပြခဲ့ကြောင်း အဖွဒ့ချုပ်၏ အသိပေးချက်အရ သိရသည်။
အဆိုပါ သင်တန်းတက်ရောက်သူတိုင်းမိမိတို့၏ ပြိုင်ပွဲဆန်းစစ်အစီရင်ခံစာ ကို ပြင်ဆင်တင်ပြရန်နှင့် နောက်ပွဲအတွက် Session Plan တစ်ခုကို ပြုစုရန် တာဝန်ပေးခြင်းခံခဲ့ကြရသည့်အပေါ် ဒေါ်စန်းစန်းသိန်းက ထိုသို့ တင်ပြခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်စန်းစန်းသိန်းအနေဖြင့် ကိုယ်တိုင်ပြုစုထားသည့် စာတမ်း “ISPE Women’s FC Long- Term Strategic Plan 2026–2031” ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
နည်းပြဒေါ်စန်းစန်းသိန်းအနေဖြင့် သင် တန်းကာလအတွင်း လက်တွေ့သင်ကြားမှုအကဲဖြတ်ခြင်း (Practical Assess ment)ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းအပြီးတွင် တက်ရောက်သူများအား Certificate of Attendance ကို သင်တန်းတက်ရောက်ပြီးဆုံးမှုအဖြစ် ပေးအပ်သွားမည်ဖြစ်ပြီး အပြီးသတ် Diploma အား AFC နှင့် JFA တို့၏ နောက်ဆုံးအကဲဖြတ်မှုပြီးဆုံးမှသာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
ယခု Module သည် သင်တန်း၏ နောက် ဆုံးအဆင့်ဖြစ်ပြီး ရက်ပေါင်း (၈) ရက်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
photo/ MFF
