Saturday, July 5, 2025

တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆွေးနွေး

တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ယမန်နေ့ ဇူလိုင် ၄ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို တရုတ်နိုင်ငံနန်နင်းမြို့၊...

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး...

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။ ကျင်းပတော့မည့် ရွေးကောက်ပွဲ၌...

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ...

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ...

MNL League Cup 2025...

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ...
HomeMusicAcid အဖွဲ့ရဲ့ သီချင်းသစ်တွေ...

Acid အဖွဲ့ရဲ့ သီချင်းသစ်တွေ ဘယ်တော့ နားဆင်ရမလဲ

Acid အဖွဲ့က အခုလတ်တလော မှာတော့ သီချင်းတွေ အသံသွင်းဖြစ် နေတယ်လို့သိရပြီး ဒီလိုသီချင်း တွေသွင်း ဖြစ်နေတာကလည်း သူတို့ ရဲ့ ဝါသနာကြောင့်ပါလို့ အနဂ္ဂက ပြောပါတယ်။Acid အဖွဲ့က အခုလတ်တလော မှာတော့ သီချင်းတွေ အသံသွင်းဖြစ် နေတယ်လို့သိရပြီး ဒီလိုသီချင်း တွေသွင်း ဖြစ်နေတာကလည်း သူတို့ ရဲ့ ဝါသနာကြောင့်ပါလို့ အနဂ္ဂက ပြောပါတယ်။ ” ဇေယျာသော်ကော၊ ရန်ရန် ချန်းကော၊ ကျွန်တော်ရောမနေနိုင် ဘူး။ သီချင်းတွေလည်း တီးလုံးတွေ လည်း သူများတွေဆီကနေလိုက်ပြီး တော့ စုဖြစ်တယ်။ သီချင်းတွေလည်း ရေးလည်းရေးဖြစ်ကြတယ်။ အဲဒါ ကတော့ ဒီနှစ်ထဲမှာတော့ အလုပ်ဖြစ်ကြဆုံးပဲ။ ပြီးတော့ Acid အနေနဲ့လည်း  ပွဲတွေလည်း တော် တော်များများ ဆိုဖြစ်တယ်။ လွန်ခဲ့တဲ့ ၄၊ ၅နှစ်မှာတုန်းကတော့ ကျွန်တော် တို့ ဆိုခဲ့တာက နိုင်ငံရေးပွဲတွေမှာ ပဲများတယ်။ ပရဟိတပွဲတွေကို ဆို ဖြစ်တာများတယ်။ အခုဒီဘက်နှစ်မှာ တော့ လက်မှတ်ရောင်းတဲ့ပွဲတွေ၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ပွဲတွေမှာ Acid အနေနဲ့ ဆိုဖြစ်တာ ပိုများ တယ်။ Acid အနေနဲ့ ပြန်တွေ့ကြ တယ်။ သီချင်းတွေပြန် လုပ်ဖြစ်ကြ တယ်။ သီချင်းတွေက ထုတ်ဖို့တော့ အစီစဉ်တော့မရှိဘူး။ သီချင်းတွေ ကပြီးလည်း တစ်ပုဒ်က တစ်ပိုဒ်ပြီး လိုက် နှစ်ပိုဒ်ပြီးလိုက်နဲ့ပဲ၊ တစ်ပုဒ်က တစ်ဝက်ပြီးလိုက်နဲ့ဆိုတော့ အဲဒီလို အနေအထားတော့ရှိတယ်” လို့ လက်ရှိအချိန်မှာ ဗခငိအနေနဲ့ လုပ် ဖြစ်နေတာတွေကို အနဂ္ဂက ပြောပြ ပါတယ်။

Acid အနေနဲ့ အရင်တုန်းက ရေးခဲ့တဲ့ သီချင်းပုံစံတွေနဲ့ အခုလက် ရှိရေးဖြစ်နေတဲ့ သီချင်းပုံတွေက လည်း ပြောင်းလဲမှုတွေရှိသွားပြီလို့ လည်း သိရပါတယ်။  “ကျွန်တော်တို့စရေးတဲ့အချိန်ဆိုရင်  ကျွန်တော်တို့က၁၇နှစ်ပဲရှိ သေးတာလေ။ ပါးစပ်ကရွတ်နေတာ ကို စာလုံးတွေထည့်ပြီး ရေးတာပေါ့။ ကျွန်တော့်ရဲ့ IQ တွေက သိပ်ပြီး တော့ မလည်ပတ်သေးဘူး။ အခုကြ တာ့ အသက်ကြီးလာတာကော ကြောင့် ဟိုဟာက လုပ်သင့်တယ်၊ ဒီ ဟာကလုပ်သင့်တယ်၊ ဟိုဟာက ရေး သင့်တယ်၊ ဒီဟာက မရေးသင့်ဘူး အဲဒီလိုမျိုးတွေဆိုတော့ ဗခငိ အနေ နဲ့တော့ ကျွန်တော်တို့ ထုတ်ဖြစ်တဲ့ အချိန်ကျမှပဲ ကျွန်တော်တို့ ထုတ် ဖြစ်တဲ့သီချင်းတွေကိုပဲ ကြည့်လိုက် ပါ အခုအချိန်ကအကြောင်းဆိုရင် တော့ ကျွန်တော်တို့ ရေးနေတာက အရင်က ဗခငိအနေနဲ့တော့ လုံးဝ သက်သက်ကြီး အသစ်ထပ် ပြင် သွား ပါပြီ”လို့ Acid ရဲ့ လက် ရှိသီချင်းရေး သားဖြစ်နေတဲ့ ပုံစံနဲ့ ပတ်သက်လို့ အနဂ္ဂကပြောပါတယ်။ Acid အနေနဲ့တော့ ဘယ်ပွဲကို တော့ မဆိုဘူး၊ ဘယ်သူစီစဉ်တဲ့ပွဲ ဆိုရင် မဆိုဘူးဆိုတာမျိုးတော့ မရှိ ပေမယ့် Acidသီချင်းတွေကိုသေချာလေးသိနိုင်မယ့် ပွဲမျိုးဖြစ်မယ်ဆို ရင်တော့ သူတို့အနေနဲ့ ဆိုဖို့ ပို စဉ်းစား ဖြစ်ပါတယ်လို့ သိရပါတယ်။ “ပွဲတွေ ကိုဒီနှစ်ထဲမှာခပ်စိပ် စိပ်လေးဆိုဖြစ်ကြတယ်။ ဆိုဖြစ်ကြတဲ့ အချိန်မှာ အားတစ်ခုလျော့သွားတာ တော့ အမှန်ပဲ။ အားတစ်ခုက ဟိန်း ဇော်ပဲ။ သူ့ရဲ့အသံအား သီချင်းရေး အားပေါ့နော်။ ကျွန်တော်တို့က မတူတဲ့အားတစ်ခုစီနဲ့ စစုခဲ့ကြတာ လေ။ ဒါကြောင့်တချို့နေရာလေး တွေမှာလိုနေတဲ့ အားကတော့ ဟိန်း ဇော်ရဲ့အားပါပဲ” လို့ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071