Friday, May 30, 2025

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့်...

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က...

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...
HomeMoviesမျက်စိညောင်းညာခြင်းကိုလွယ်လွယ်ကူကူဖြေလျော့နည်း

မျက်စိညောင်းညာခြင်းကိုလွယ်လွယ်ကူကူဖြေလျော့နည်း

မျက်စိဆိုတာ စိတ်ရဲ့ပြူတင်းပေါက် လို့ဆိုကြသလို စိတ်ခံစားချက်ကို ဖော်ဆောင်ရာမှာ စကားလုံး ပေါင်း မြောက်များစွာထက်ပိုပြီး သိသာထင် ရှားနေလို့ပဲ ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအရ လူတွေဟာ လက်ကိုင် ဖုန်းနဲ့ ကွန်ဗျုတာကို နာရီချိန်ကြာမြင့်စွာ အသုံးပြုလာကြသလို တစ်ခါ တလေအခန်းတွင်းအလင်းရောင်မလုံလောက်လို့ ဖုန်းနဲ့ကွန်ပျုတာ တွေ ရဲ့မျက်နှာပြင်အလင်း ရောင်မြင့်တင်ရတဲ့ အခြေအနေမျိုးဟာလည်း မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။

တစ်ခါတလေ လက်ကိုင်ဖုန်းနဲ့ကွန်ပြူတာကနေ အကြည့်လွှဲရင်မဖြစ်တဲ့ အခြေအနေမျိုးလည်း ရှိနေတော့ မျက်လုံးညောင်းညာခြင်း ဖြေလျှော့ရန် လွယ်ကူတဲ့နည်းလမ်းလေးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

၁။ မျက်တောင်ခက်ပေးခြင်း

ကွန်ပျူတာကို အချိန်ကြာမြင်စွာ အသုံးပြုပြီးနောက် မျက်လုံးညောင်းလာ သလိုဖြစ်တတ်ပါတယ်။ ဒါဟာ ကွန်ပျူတာကြည့်နေချိန်မှာ များသော အားဖြင့် လူအတော်များများဟာ မျက်တောင်ခတ်ဖို့ သတိမရကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မျက်တောက်ခတ်ရုံနဲ့ မလုံလောက်ပဲ သင့် မျက် လုံးခြောက် လာသလို၊ မျက်ရည်လည်းကျလာမယ်ဆိုရင် ၄၄စက္ကန် တိုင်း မျက်တောင်ခတ်တဲ့ အကျင့်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

၂။ အနီးအနားမှာရှိတဲ့ အရာကိုကြည့်ခြင်း

ကွန်ပျူတာ ကိုအချိန်ကြာကြာကြည့်ပြီးနောက် ကိုယ့်အနီးအနားနဲ့ အဝေး မှာ ရှိတဲ့အရာကို လှည့်ပတ်ကြည့်ပေးပါ။ ကိုယ်နဲ့ ပေ၁၅၀ အကွာ အဝေး လောက်မှာ ရှိတဲ့အရာရဲ့ ပုံသဏ္ဍန်ကို စိုက်ကြည့်ပြီးနောက် သင့်အနီး အနားက ပေ၃၀အကွာမှာ ရှိတဲ့အရာရဲ့ ပုံပန်းသဏ္ဍန် ရှိရာကိုတစ် ဖြေးဖြေးရွေးလျား စိုက်ကြည့်ပေးပါ။ အရာဝတ္ထု တစ်ခုကို ၁၀စက္ကန့်ကနေ ၁၅စက္ကန့်အထိ စိုက်ကြည့်ပေးပါ။ အဲဒီလို ၄ကြိမ်ကနေ ှ၅ကြိမ်အထိပြု လုပ်ပေးပါ။

၃။ မျက်စိကစားပေးပါ

ဒီနည်းကတော့ အလွန်လွယ်ပြီး မျက်စိညောင်းညာခြင်းကို ကောင်း ကောင်းဖြေေ လျှာ့ ပေးနိုင်တဲ့နည်းဖြစ်ပါတယ်။ သင့်မျက်လုံးဟာ ၁နာ ရီကြာအသုံးပြုခံရပြီး နောက်မှာတော့ သင့်ထိုင်ခုံ နောက်ကြောကို မှီလိုက်ပြီး မျက်လုံးပါမှိတ်ချလိုက်ပါ။ ပြီးမှ မျက်လုံးပြန်ဖွင့်ပြီး မျက်စိ ကစားပေးပါ (မျက်စိကိုစက်ဝိုင်းပုံလှည့်ပေးပါ) ။ တစ်နာရီကြာတိုင်း ၁ကြိမ်ကနေ ၂ကြိမ်ထိပြုလုပ်ပေးပါ။ ဒီလို လုပ်ခြင်းဟာ ကြွက်သား သေးသေးလေးများ တင်းခြင်းကိုဖြေလျှောပေးနိုင်သလို မျက်စိကို လည်းကြည်လင်စေပါတယ်။

၄။ စိုက်ကြည့်ခြင်း

ဘောပင်တစ်ချောင်းကိုင်လိုက်ပြီး ကိုယ်နဲ့လက်တစ်ကမ်းအကွာ အနေအထားကနေ ကိုယ်ရဲ့ နှာထိပ်ရောက်တဲ့အထ ိအနီးဆုံး ရောက်အောင် တစ်ဖြေးဖြေးဆွဲသွင်းလာပါ။ အဒီလိုပြုလုပ်နေချိန် ဘောပင်ထိပ်ကိုစိုက်ကြည့်နေပါ။ အရှေ့အနောက် ဘယ်ညာလှည့် ပတ်ကြည့်နိုင်သလို ၁၀ကြိမ် အထိပြုလုပ်ပေးပါ။

၅။ လက်ပူပေးခြင်း

ဒီနည်းကဟာလည်း အလွန်အစွမ်းထက်တဲ့နည်းတစ်နည်းဖြစ် ပါတယ်။ ထိုင်ခုံပေါ် သက်တောင့် သက်သာ ထိုင်ကာ လက်နှစ်ဖက် ကိုပွတ် တိုက်ပြီး မျက်လုံးပေါ်ဖြေးဖြေးချင်းအုပ်ပေးပါ။ လက်က အပူဟာ မျက်စိ ညောင်းညာခြင်းကို ဖြေလျှော့ပေးပါတယ်။

လူတိုင်းဟာ စက္ကန့်နဲ့အမျှ အသက်ကြီးအိုမင်းလာကြတာဖြစ်လို့ ကိုယ့် ကိုယ်ကိုယ်ပြီး ဂရုစိုက်သင့် ပါတယ်။ အထူးသဖြင့် မိမိရဲ့မျက်လုံးကို ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်ကို အကြောအမျိုးမျိုးနဲ့ဖွဲ့စည်းထား သလို မျက်လုံးဟာလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။

မျက်လုံးကို အချိန်ကြာကြာ အသုံးပြုခြင်းဟာ မျက်လုံးနာကျင်ခြင်းနဲ့ မျက် စိညောင်းစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံး ကိုအနားပေးသင့်သလို သင့်တော်တဲ့ မျက်လုံးလေ့ကျင့်ခန်း လည်းပြု လု ပ်ပေးသင့်ပါတယ်။ အရွယ်မတိုင်ခင် မျက်လုံးရေတိမ ်မဖြစ်ရေ လအောင် မျက်လုံးအကျိုးပြုတဲ့ အစားအသောက်တွေကိုလည်း ရွေးချယ်စားသောက်ပေးသင့်ပါတယ်။

Ref:sanook

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲပြုလုပ်

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြက်ခင်းတုကွ င်း၊ MFF Futsal Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့ကြော င်း သိရသည်။ ယခုနှစ် နွေရာသီသင်တန်း MFF Summer Football Skills Course 2025 အခမဲ့ သင်တန်းများကို ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၄၀၀)...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသည့် ယာယီတဲအခု (၂၀၀)ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့် ပြည်သူများဆီ လက်ဝယ်အရောက် ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071