ပေ၁၁၉၂၀အမြင့်ရှိဖုန်ကန်ရာဇီတောင်ကိုတက်နိုင်ခဲ့တဲ့ ၁၀နှစ်အရွယ် Katherine Little Chef

0
478

ဖုန်ကန်ရာဇီတောင်အမြင့်ပေ ၁၁၉၂၀ရှိတဲ့ တောင်ကို ၁၀နှစ်အရွယ် Kathrine Littel Chef က တက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်မှာရှိတဲ့ ရေခဲတောင် ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်း မရှိဘဲ ကြိုးစားပြီး တက်ရောက်ခဲ့တာလို့လည်း Katherine Little Chef က သူမရဲ့ Page မှာ ရေးသားထားပါတယ်။

“သမီးမောင်လေးအသက် 8နှစ် နဲ့ 

သမီးဖွါးဖွါးအသက် 68နှစ်တို့လည်း တောင်ထိပ်ထိရောက်ခဲ့ပါတယ်။သမီးတို့တောင်တက်ဖို့ ကြိုလေ့ကျင့်ထားတာလည်းမရှိပါဘူး။သမီးတို့မြန်မာပြည်မှာဘဲရှိတဲ့ ရေခဲတောင်အလှမို့သမီးကြိုးစားပြီး တောင်ထိပ်ထိရအောင်တက်ခဲ့တာပါ။”လို့ ရေးသားထားပါတယ်။

ဇန်နဝါရီ ၁၃ရက်နေ့မှာ သူငယ်ချင်း ၁၃ယောက် နဲ့အတူ တောင်တက်ခဲ့တာဖြစ်ပြီးတစ်နေ့တစ်နေ့စားလိုက် လမ်းလျှောက်လိုက် အိပ်လိုက်နဲ့ 

အေးအေးဆေးဆေး လျှောက်ရင်း ပန်းတိုင်ဖြစ်တဲ့ တောင်ထိပ်ကို ရောက်ခဲ့ပါတယ်လို့ သိရပါတယ်။

Katherine Little Chef က အသက်ငယ်စဉ်ကတည်း အချက်အပြုတ်ဝါသနာပါပြီး ကိုယ်တိုင်ချက်ပြုတ်လှူဒါန်း ဖြစ်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here