ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေ ဟာ အသက် ၈၀ ပြည့်ပြီဖြစ်သလိုအနုပညာသက်လည်း ရွှေရတုတိုင်လာပြီဖြစ်သည်။
သူနှင့်ခေတ်ပြိုင် အနုပညာရှင်များကြား ယခုချိန်အွန်လိုင်းပေါ် live ကြော်ငြာခြင်း၊စျေးရောင်းခြင်းတို့ကို ခေတ်နှင့်တပြေးညီလုပ်ကိုင်နိုင်ဆဲဖြစ်သည်။
မြေး ၃ယောက် အဖွားဖြစ်သော်လည်း၊အရွယ်တင်ဆဲဖြစ်ကာ လောဂဓံ အဖုံဖုံ အပြုံးမပျက် ရင်ဆိုင်နေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
ယခုအခါတွင်ဒါရိုက်တာဝင်းလွင်ထက်ရိုက်ကူးနေသော TV ဇာတ်လမ်းတွဲတစ်ခုအတွက်မေမြို့တွင် ရိုက်ကူးရေးရောက်ရှိနေသည့် ဒေါ်ဝါဝါဝင်းရွှေ၏ ပုံများဖော်ပြလိုက်ပါသည်။


