Looking for something?

Explore the website

Looking for something?

Thursday, May 29, 2025

ထိုင်းစစ်တပ်နှင့်အပြန်အလှန်ပ-စ်ခ-တ်စဥ်ကမ္ဘောဒီးယားစစ်သား ‌ေ-သဆုံး

အငြင်းပွားနယ်စပ်မျဉ်းတလျှောက် ထိုင်းစစ်တပ်နှင့် အပြန်အလှန်ပ-စ်ခ-တ်မှုတွင် ၎င်းတို့စစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ကမ္ဘောဒီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “တို-က်ခို-က်မှုအတွင်းမှာ ကျွန်တော်တို့ စစ်သားတစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့...

မြန်မာနှင့် ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Marcoluigi Corsi တို့...

မန္တလေး ငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)...

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)လ ပြည့်ကို မေလ(၂၈)ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊...

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...
HomeNewsLocal Newsမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(၂၀၂၁) ၏"တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(၂၀၂၁) ၏”တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ”အဆောက်အဦးအကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံအစိုးရအနေဖြင့် အထူးအလေးထားဖြည့်ဆည်းပေးလျက်ရှိ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်က ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် တိုင်းရင်းသားရေးရာမူဝါဒနှင့်ယဉ်ကျေးမှုဖလှယ်ရေးဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ တိုင်းရင်းသားရေးရာ မူဝါဒနှင့်ယဉ်ကျေးမှုဖလှယ်ရေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ Ambassador Hotel တွင်ပြုလုပ်ခဲ့သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု(၂၀၂၁) တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ “တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”အဆောက်အဦးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ယင်း အဆောက်အဦးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် အထူးအလေးထားကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး တည်ဆောက်ပြီးစီးပါက မဲခေါင်နိုင်ငံများကြား အသက်မွေးဝမ်းကျောင်းနည်းပညာများဖလှယ်ရေးဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟု ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အကြီးအကဲ Mr.Anan Dontree က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-အမြဲတမ်းအတွင်းဝန် Ms. Phantipha Iamsudha Ekarohit က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဒေါ်နန်းလောင်ဟွမ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံမှတက်ရောက်လာသည့် တာဝန်ရှိသူများနှင့်ထိုင်းနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဥ်အလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများက အထွေထွေဆွေးနွေးပြီးနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းစစ်တပ်နှင့်အပြန်အလှန်ပ-စ်ခ-တ်စဥ်ကမ္ဘောဒီးယားစစ်သား ‌ေ-သဆုံး

အငြင်းပွားနယ်စပ်မျဉ်းတလျှောက် ထိုင်းစစ်တပ်နှင့် အပြန်အလှန်ပ-စ်ခ-တ်မှုတွင် ၎င်းတို့စစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ကမ္ဘောဒီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “တို-က်ခို-က်မှုအတွင်းမှာ ကျွန်တော်တို့ စစ်သားတစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မရသေးပါဘူး” ဟု ကမ္ဘောဒီးယားဘုရင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မော်ဖလာက ပြောကြားခဲ့သည်။ ထိတွေ့ပ-စ်ခ-တ်မှုဖြစ်ခဲ့ကြောင်းကို မော်ဖလာက အတည်ပြုခဲ့သော်လည်း ထိုင်းဘက်ခြမ်း ဥဘုံရတ်ချာဌာနီပြည်နယ်နှင့် ထိပ်စပ်နေသည့် နိုင်ငံမြောက်ပိုင်း Preah Vihear ပြည်နယ်တွင် ပုံမှန်နယ်ခြားကင်းလှည့်နေသော ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များကို ထိုင်းစစ်သားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူကပြောကြားခဲ့သည်။ “ကျွန်တော်တို့စစ်သားက ကတုတ်ကျင်းထဲမှာ ‌ေ-သဆုံးပါတယ်။ ထိုင်းတွေက ကျွန်တော်တို့ကို လာတိုက်တာပါ” တစ်ချိန်တည်းမှာပင် ထိုင်းဘုရင့်တပ်မတော်က...

မြန်မာနှင့် ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Marcoluigi Corsi တို့ မေ ၂၈ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် Mr. Marcoluigi Corsi အနေဖြင့် မြန်မာနိုင်ငံ၌တာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့် ကုလသမဂ္ဂကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

မန္တလေး ငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂) လပြည့် စစ်ကိုင်းမြို့တွင် ပြုလုပ်

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ‌ေ-သကျေပျက်စီးဆုံးရှုံးမှု (၂)လ ပြည့်ကို မေလ(၂၈)ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီတော် သာသနာ့ ဗိမာန်တွင် ပြုလုပ်သည်။ ၂၀၂၅ ရက် မတ်လ (၂၈) ရက်တွင် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု (၂) လ ပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သ၍ အမျှ အတမ်းပေးဝေခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071