Monday, May 26, 2025

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန်...

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊...

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊...

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsထိုင်းနိုင်ငံ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ၏...

ထိုင်းနိုင်ငံ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များအား မြန်မာသံရုံးက ဘတ် ၅၀၀၀ စီထောက်ပံ့ပေး

ထိုင်းနိုင်ငံ၊စမုဆွန်ခါခရိုင်၊စမုဆွန်ခရာမြို့ရှိ မဲခေါင်ဆိပ်ကမ်း၌ပြုပြင်ရန် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘောသည် ဇန်နဝါရီ ၁၇ ရက်နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ သိရသည်။

ဆီတင်သင်္ဘော Smoosh Sea C22 အား အလုပ်သမား ၃၀ ဦးခန့်က ဆီပိုက်လိုင်းများကို ဂဟေဆော်စဉ် ပိုက်လိုင်းများအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာသံရုံးမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်တွင် မြန်မာအလုပ်သမားများပျောက်ဆုံးနေကြောင်း သတင်းအရ ဇန်နဝါရီ ၁၈ ရက်(ယနေ့)နံနက် ၉ နာရီခွဲတွင် မြန်မာသံရုံးမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။

ဖြစ်စဥ်၌ ပျောက်ဆုံးသူများရှိနေသဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ရာ အခင်းဖြစ်သည့်နေ့၌ သေဆုံးနေသည့် မြန်မာနိုင်ငံသား ၁ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ရပြီး ဇန်နဝါရီ ၁၈ ရက်(ယနေ့)နံနက်ပိုင်းတွင်လည်း သေဆုံးနေသည့် မြန်မာနိုင်ငံသား ၆ ဦးနှင့်ထိုင်းနိုင်ငံသား ၁ ဦးတို့၏ ရုပ်အလောင်းများအား ထပ်မံရှာဖွေတွေ့ရှိခဲ့ရသည်ဟု မြန်မာသံရုံးမှ သိရသည်။

ထို့ကြောင့် မြန်မာသံရုံး၊ဗန်ကောက်မြို့ သံအမတ်ဦးသန်းထွေးမှ သေဆုံးသူများ၏ မိသားစုဝင်များကို သွားရောက်တွေ့ဆုံ၍ အလုပ်သမားများ၏ အာမခံကြေးများ၊ဆုကြေးများ၊နစ်နာကြေးများအား မိသားစုဝင်များအမြန်ဆုံးရရှိရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊အလုပ်ရှင်များနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာသံရုံးမှ သေဆုံးသူများ၏ မိသားစုဝင်များအား ထိုင်းဘတ်ငွေ ၅၀၀၀ စီထောက်ပံ့ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီးတွင် ဇာတ်တိုက်လေ့ကျင့်

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုကြီး/သူနာပြုများ၊ ဓာတ်ခွဲ/ဓာတ်မှန် စသော ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ အငယ်တန်း ဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ် ရဲတပ်ဖွဲ့နှင့် လသာမြို့နယ် မီးသ-တ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၀၀)...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊ မြန်မာ့အရေးကိစ္စ တို့ ​ဆွေး​နွေးမည်

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။ “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့်ကျင်းပသည့် နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲသည် အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးနှင့်လည်း တို-က်ဆိုင်နေသလို GCC နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းကျင်းပသည့် ထိပ်သီးအစည်းအဝေးလည်းရှိ​နေပြန်သည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့်...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာဝန်ယူဆောင်ရွက်နေသည့် ကျိုင်းတုံ-လွိုင်မွေလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကိုကြည့်ရှုစစ် ဆေးပြီး ကျိုင်းတုံ-လွိုင်မွေ လမ်းအဆင့်မြှင့်တင်ရာ၌ လမ်းကြောင်းရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေးစနစ်တကျတွက်ချက်ဆောင်ရွက်ရန် မှာ ကြားသည်။ ထို့ပြင် နစက ဥက္ကဋ္ဌသည် လွိုင်မွေကန်သို့သွား ရောက်ပြီး လွိုင်မွေဒေသရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံဒေသနှင့် လွိုင်မွေဒေသတို့တွင် ရေလုံလောက်စွာရရှိရေးဆောင်ရွက်ရန်၊ ရေဝေရေလဲဧရိယာများအတွင်းရှိ သစ်တောသစ်ပင်များအား ခုတ်ထွင်ခြင်းမပြုဘဲ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071