Thursday, May 29, 2025

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...
HomeInternationalသမ္မတဘိုင်ဒင်၏အိမ် ဧည့်သည့်အဝင်အထွက်မှတ်တမ်း မရှိဟု...

သမ္မတဘိုင်ဒင်၏အိမ် ဧည့်သည့်အဝင်အထွက်မှတ်တမ်း မရှိဟု အိမ်ဖြူတော်ဆို

သမ္မတဂျိုးဘိုင်ဒင်၏ ကိုယ်ပိုင် ပုဂ္ဂလိကနေအိမ်မှ ဧည့်သည် အဝင်အထွက်မှတ်တမ်းကို မိမိတို့ မှတ်တမ်းတင်သိမ်းဆည်းထားခြင်းမရှိကြောင်း အိုင်ဖြူတော် အတိုင်ပင်ခံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် အီယန်ဆမ်စ်က ပြောကြားလိုက်သည်။

“ခေတ်သစ်ကာလ ဆယ်စုနှစ်များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သမ္မတတိုင်းကဲ့သို့ပင် သမ္မတဘိုင်ဒင်၏ကိုယ်ပိုင်နေထိုင်ရာသည်လည်း ပုဂ္ဂိုလ်ရေးသီးသန့်ဖြစ်သည်။ သို့ရာတွင် သမ္မတ ဘိုင်ဒင် ရာထူးတက်လာချိန်တွင်မူ အိမ်ဖြူတော်သို့လာရောက်သော ဧည့်သည်မှတ်တမ်းများကို ပုံမှန်ထုတ်ပြန်ခြင်း အပါအဝင် အိမ်ဖြူတော် ဧည့်သည်အဝင်အထွက်ကို မှတ်တမ်းတင်သည့် အစဉ်အလာကို ပြန်လည်ဖော်ဆောင်ခဲ့ပါသည်”ဟု အိမ်ဖြူတော်အတိုင်ပင်ခံရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီယန်ဆမ်စ်က ပြန်လည်ဖြေကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင် ဒုသမ္မတဖြစ်ခဲ့စဉ်က ရုံးခန်းနှင့် ကားဂိုဒေါင်တွင် ကန့်သတ်စာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဝီလ်မင်တန်ရှိ ဘိုင်ဒင်၏ အိမ်သို့ ဝင်ထွက်ခဲ့သော ဧည့်သည်မှတ်တမ်းများကို အမေရိကန် အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ၏ ရီပတ်ဘလစ်ကန်ပါတီဝင် ဥက္ကဌက တောင်းခံခဲ့ခြင်းကို အိမ်ဖြူတော်က ထိုသို့ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

“သာမန် အမေရိကန်ပြည်သူတွေကတော့ ဒီအလွန်အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဘယ်သူတွေသာလျှင် ကြည့်ရှုခွင့်ရှိတယ်ဆိုတာ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး” ဟု အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီမှ ကိုယ်စားလှယ် James Comer က တနင်္ဂနွေ နေ့စွဲဖြင့် အိမ်ဖြူတော်ဦးစီးအကြီးအကဲ Ron Klainထံပေးပို့သော စာ၌ ပြောကြားခဲ့သည်။

ရီပတ်ဘလီကန်ပါတီဝင်များသည် ကန့်သတ်ထားသော စာရွက်စာတမ်းများနှင့်ပတ်သက်၍ ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရသော သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အမှုနှင့် ဂျိုးဘိုင်ဒင် ဒုသမ္မတဖြစ်စဉ်အချိန်က ကိစ္စဖြစ်သည့် ဘိုင်ဒင်၏ ရုံးခန်းမှ ရှာဖွေတွေ့ရှိသော ကန့်သတ်စာရွက်စာတမ်းများကိစ္စအား နှိုင်းယှဉ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းအဖြစ်အပျက် နှစ်ခုကြားတွင် သိသိသာသာ ကွဲလွဲမှုများ ရှိနေသည်ဟု ဥပဒေကျွမ်းကျင်သူများက ပြောသည်။

သို့ရာတွင် ဒေါ်နယ်ထရမ့်၏ Mar-a-Lago နေအိမ်သို့လာရောက်ကြသည့် ဧည့်သည်မှတ်တမ်းများကိုမူ စစ်ဆေးမည်မဟုတ်ကြောင်း အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီမှ ကိုယ်စားလှယ် James Comerက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး ၆ ဦးပျေ-ာက်ဆုံးနေ

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။ Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။ မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံး‌ပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။ "အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။ မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အ‌မေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်‌နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင်...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071