Monday, May 26, 2025

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...
HomeNewsLocal Newsပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်သက်သာခွင့်ရသူများသည် ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးအတွက်...

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်သက်သာခွင့်ရသူများသည် ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှတစ် တပ်တစ်အားပါဝင်မည်ကိုယုံကြည်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၂၃)ဖြင့် ဇန်နဝါရီ ၇ ရက်က (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌ၏ လူသားချင်းစာနာထောက်ထားမှုဖြင့်ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သည့် လုပ်ဆောင်ချက်များဖြစ်ကာ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရသူများအနေဖြင့် သက် ဆိုင်ရာမိသားစုဝင်များနှင့်ပြန်လည်ပေါင်းစည်းခွင့်ရ၍ ဝမ်းမြောက်ပီတိဖြစ်ကြမည်မှာ အသေအ ချာပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရသူများသည် နိုင်ငံတော်၏မေတ္တာ၊ စေတနာကို အလေးထားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုမည်ကို ကော်မရှင်အနေဖြင့် ယုံကြည်သည်ဟု ရေးသားထားသည်။

နစက ဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်က ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူမှုရေးအရ ငဲ့ညှာထောက်ထား၍ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် အမိန့်အမှတ် ၁/၂၀၂၃ ဖြင့် အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးတို့အား လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုလျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်၌ ရေး သားထားသည်။

ထို့ပြင် အမိန့်အမှတ် ၂/၂၀၂၃ ဖြင့် ဇန်နဝါရီ ၄ ရက်မတိုင်မီ လူသတ်မှု၊မုဒိမ်းမှု၊ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ (စ)အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက် နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပ ဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှုများ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရပြစ်မှုများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ် မှုများ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပတည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊အကျဉ်းသူများကိုလည်း ကျခံနေရသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်ဟု ထုတ်ပြန်ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိ

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံစဥ် NDAA (မိုင်းလား)၏ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေ ဖြင့် နှစ်(၃ဝ)ကျော်ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး "တို့တာဝန်အရေးသုံးပါး"အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြသည်။ ထို့ပြင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပြီး မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိဟု တင်ပြသည်။ ထို့အတူ ဒေသတွင်းနှင့်...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့်...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071