Thursday, May 29, 2025

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...
HomeMoviesပြည်ပ၏ ကူညီထောက်ပံ့မှုများကို မှီခိုမှုများခြင်း၊ပြည်တွင်းစီးပွားရေးကိုအားပေးမှုမရှိခြင်း...

ပြည်ပ၏ ကူညီထောက်ပံ့မှုများကို မှီခိုမှုများခြင်း၊ပြည်တွင်းစီးပွားရေးကိုအားပေးမှုမရှိခြင်း တို့သည် နိုင်ငံ့ စီးပွားရေးကျဆင်းခဲ့မှုအ​ကြောင်းတရားထဲပါဝင်

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၆ ရက်က ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ် သက်၍ တပ်မတော်အစိုးရလက်ထက်ကပင် ဈေးကွက်စီးပွားရေးစနစ်အား လမ်းခင်းဆောင် ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီမိုကရေစီစနစ်စတင် လျှောက်လှမ်းချိန်တွင်လည်း ဈေးကွက်စီးပွား ရေးစနစ်အား ဆက်လက်ကျင့်သုံးခဲ့​ကြောင်း၊ အစိုးရပထမသက်တမ်း ၅ နှစ်အတွင်း နိုင်ငံ၏ GDP တိုးတက်မှု ၈ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဒုတိယအစိုးရသက်တမ်းတွင် ၃ ဒသမ ၂ ရာခိုင် နှုန်းအထိကျဆင်းခဲ့၍ စီးပွားရေးကဏ္ဍမှတာဝန်ရှိသူများက လေ့လာရန်လိုသည်ဟု ဆိုသည်။

“စီးပွားရေးကျဆင်းခဲ့မှုတွေမှာ ပြည်ပရဲ့ကူညီ ထောက်ပံ့မှုတွေကို မှီခိုမှုများတာ၊ပြည်တွင်းစီး ပွားရေးကိုအားပေးမှုမရှိတာ စီမံခန့်ခွဲမှုအားနည်းတာတွေကြောင့် စီးပွားရေးကျဆင်းခဲ့တာလို့ ယူဆပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နစက မှ နိုင်ငံတော်တာဝန်များအား စတင်ထမ်းဆောင်ချိန်တွင် ယခင်အစိုးရလက်ထက်မှ စီးပွား ရေးကျဆင်းခဲ့မှု၊ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

“ဒါပေမယ့် မိမိတို့အနေနဲ့ ကိုဗစ်(၁၉)ရောဂါထိန်း ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းနဲ့ပြည် တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင် ရွက်ခဲ့ရာမှာ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လတာ ကာလအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းကို ပြန်ရောက်လာခဲ့တာကြောင့် နိုင်ငံရဲ့စီးပွားရေး ၈ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယ ၆ လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာခဲ့ပြီး ထိုသို့ တိုးတက်လာခြင်းမှာ ပြည်တွင်းစီး ပွားရေးလုပ်ငန်းများကို အားပေးခြင်း၊ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊မြေသယံဇာတများ၊လယ်ယာ၊သားငါးကဏ္ဍများ၊သစ်တောကဏ္ဍများ၊လူသားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှုကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

 MSME လုပ်ငန်းသည် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာအရေးပါ၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပသွင်း ကုန်များကို အစားထိုးနိုင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာထုတ်လုပ်၍ ပြည်ပသို့တင်ပို့လာနိုင်မည်ဟု ဆိုသည်။

“ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်တွေကိုထုတ်လုပ်ပြီး ပြည်ပကသွင်းကုန်တွေကို လျှော့ချနိုင်မယ်ဆိုရင် နိုင်ငံတော်အတွက်များစွာအ ထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာများကို ရရှိစေမည်ဖြစ်ကာ MSME လုပ်ငန်းများကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ပြီး ဝင်ငွေများရရှိမည်ဖြစ်၍ ဒေသတွင်းနှင့်နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူပြုစေမည်ဖြစ်သဖြင့် ဒေသအလိုက်စနစ်တကျဆောင်ရွက်ရန်လိုသည်ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။ "ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားသည် ၉၈၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်သည်ဟု အသိပေးခဲ့သည်။ ယင်း မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ မေ ၂၉ ရက်နေ့လည်မှ ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071