ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ မြန်မာ့ခရီးသွားပြပွဲ-၂၀၂၃ အား ၃ ရက်ကြာကျင်းပမည်

0
166

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ မြန်မာ့ခရီးသွားပြပွဲ-၂၀၂၃ (Myanmar Travel Fair-2023)အား ၃ ရက်ကြာကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ခရီးသွားလုပ်ငန်းများပြန်လည်လုပ်ကိုင်ရာ၌ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများအချင်းချင်း ပြန်လည်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပသွားရာတွင် သတင်းအချက်အလက်များနှင့်ယုံကြည်စိတ်ချရသည့် ခရီးသွားလုပ်ငန်းကုမ္ပဏီများကို ပိုမိုသိရှိနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြပွဲတွင် ခရီးသွားကုမ္ပဏီများ၊လေကြောင်းလိုင်းများ၊ဟိုတယ်များ၊စားသောက်ဆိုင်များ၊ဆေးရုံများ၊အာမခံလုပ်ငန်းများ၊ပြည်တွင်းထွက်ဒေသထုတ်ကုန်များ၊ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်ကုမ္ပဏီများက ပြခန်းပေါင်း ၅၀ ခန့်ဖြင့်ပြသသွားမည်ဖြစ်သည်။

မြန်မာ့ခရီးသွားပြပွဲ-၂၀၂၃ အား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်ကြာ နေ့စဥ်နံနက် ၉ နာရီမှည ၆ နာရီအထိ ပြသသွားမည်ဖြစ်ကာ ဝင် ကြေးအခမဲ့ဖြင့် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here