Wednesday, May 28, 2025

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့်...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင်...

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက...

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...
HomeNewsLocal Newsတရုတ် - မြန်မာနယ်စပ်...

တရုတ် – မြန်မာနယ်စပ် ဂိတ်များ လာမည့် ဇန်နဝါရီ (၈) ရက် နံနက်ပိုင်းမှ စတင်ကာ တပြိုင်တည်း ပြန်လည်ဖွင့်လှစ်မည်

တရုတ် – မြန်မာနယ်စပ် ကျယ်ခေါင်မြို့နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် (၃) ခုကို လာမည့် ဇန်နဝါရီလ (၈) ရက် နံနက် (၈) နာရီမှ စတင်ကာ တပြိုင်နက်တည်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” မူဆယ် – ကျယ်ခေါင်ဂိတ်မှာ ဂိတ်သုံးဂိတ်ရှိတယ်။ မန့်ဝိန်းဂိတ်ရယ် ၊ ဆင်ဖြူဂိတ်ရယ်၊ နန်းတော် ဂိတ်ရယ်ပေါ့။ ကျင့်စန်းကျော့က နည်းနည်းဝေးတယ်။ ဒီဂိတ် သုံးဂိတ်ကို လာမည့် (၈) ရက်နေ့မှာ တရုတ်စံတော်ချိန် နံနက် (၈) နာရီမှာ တပြိုက်နက်တည်း ပြန်ဖွင့်မယ်” ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

အဆိုပါ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကပင် ကိုဗစ် (၁၉) ရောဂါ ထိန်းချုပ်ကာကွယ်ရေး စီမံချက်အနေဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဂိတ်များ ပိတ်ထားသည့်အတွက် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

” ဂိတ်ပိတ်တာ ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလတည်းက ပိတ်လိုက်တာ။ (၃) နှစ် နီးပါးပဲ။ အဲဒီလိုပိတ်လိုက်တဲ့အတွက် မူဆ ယ်မှာ ရှိတဲ့ အလုပ်သမားတွေက တရုတ်ကိုနေ့တိုင်းအလုပ်ဆင်းနေရတာကနေ မဆင်းနိုင်တော့ဘူး။ ထောင်ဂဏန်းရှိတယ်။ နောက်တစ်ခါ မန့်ဝိန်းဂိတ်ဆိုရင် တစ်ရက်ကို ကုန်တင်ကား အစီး ၄၀၀/၅၀၀ အဝင်အထွက်လုပ်နေတာ။ အဲဒါကို ပိတ်လိုက်တော့ နယ်စပ်ကုန်သွယ်ရေးက လုံးဝကို ထိုးကျသွားတာ။ အခုလို ပြန်ဖွင့်ခြင်းအတွက်ကြောင့် ကုန်သည်တွေအတွက်လည်း အများကြီး အကျိုးရှိတယ်။ နောက်တစ်ခါ တရုတ်ကိုသွားပြီး အလုပ်လုပ်နေရတဲ့ မြန်မာလုပ်သားတွေအတွက်လည်း အဆင်ပြေတယ်။ နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက်လည်း အဆင်ပြေတဲ့အတွက် အခုလိုဂိတ်တွေ ပြန်ဖွင့်တာကို ကြို ဆိုပါတယ်” ဟု ဦးမင်းသိမ်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို  ပြန်လည် စတင်နိုင်ရန် ရွှေလီ – ကျယ်ခေါင် ကုန်သွယ်‌ရေးလမ်းကြောင်းများကိုလည်း ပြီးခဲ့သည့်လအတွင်းကပင် ကိုဗစ်စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးကာ ကုန်သွယ်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီလ (၈) ရက် နံနက်ပိုင်းတွင် ဂိတ်များပြန်လည် ဖွင့်လှစ်ပါက တရုတ် – မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မူဆယ် – ကျယ်ခေါင် ဂိတ်များမှ ကုန်တင်ယာဉ်များ၊ လူစီးယာဉ်များအပြင် မော်တော်ဆိုင်ကယ်ဖြင့်ပါ ဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ပြီး မြန်မာအလုပ်သမားများနှင့် ခရီးသွားများလည်း နေ့စဉ်နယ်စပ်ဖြတ်သန်းခွင့် ကတ်ဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ခြင်းသည် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ လူနေမှုဘဝအ ကျိုးစီးပွားများ ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ လူနှင့်ကုန်ပစ္စည်းများဖြတ်သန်းသွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ကြေညာထားသည်။

ယင်းသို့ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက နှစ်နိုင်ငံ ကုန်တင်ယာဉ်များအနေဖြင့် မန့်ဝိန်းဂိတ်မှ တရုတ်စံတော် ချိန် နံနက် (၈) နာရီမှ ည(၁၁) နာရီအထိ ဝင်/ထွက်ခွင့်ပြုကြောင်း တရုတ်သံရုံးက အသိပေးထားသည်။

ထို့အပြင် အစိုးရဝန်ထမ်းများနှင့် အတူလိုက်ပါသည့် ယာဉ်များသည် နန်းတော်ဂိတ်မှ ပေကျင်းစံတော်ချိန် နံနက် (၈) နာရီမှ ည (၉) နာရီခွဲနှင့် အခြားလူပုဂ္ဂိုလ်နှင့် အိမ်စီးကား၊ ဆိုင်ကယ်၊ လျှပ်စစ်သုံးဆိုင်ကယ်များသည် ဆင်ဖြူဂိတ်မှတဆင့် နံနက် (၈) နာရီမှည (၉) နာရီခွဲအထိဝင် /ထွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိရှိလာ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အနက် ရွှေဆိုင် (၁,၀၀၀) ဝန်းကျင်သည် လိုင်စင်ထုတ်ယူပြီးဖြစ်ကြောင်းလည်း သိရသည်။ ရွှေဆိုင်များ လိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့် နောက်ဆုံးလျှောက်ထားရမည့် ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့်ပေးထားကြောင်း သိရသည်။ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ များအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်း နှင့် ညီမျှသည့် ငွေကြေးပမာဏကို...

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက တောင်းဆိုခဲ့သည်။ သဘောတူညီချက် ငါးရပ်နှင့်အညီ အားလုံးပါဝင်သော နိုင်ငံအဆင့် ဆွေးနွေးပွဲကို ကျင်းပရန် မျှော်မှန်း၍ အပစ်ရပ်ရေးကို ဆောင်ရွက်သင့်သည်ဟု ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ပြောဆိုထားသည်။ ထို့အပြင် အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ရပ်တန့်ကြရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ၎င်းတို့က တိုက်တွန်းထားသည်။ အရပ်ဖက်၊စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ ပဋိပက္ခအရှိန်မြှင့်ခြင်းများကို ရှုတ်ချရန်၊ အတတ်နိုင်ဆုံး...

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071