Friday, May 30, 2025

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...
HomeNewsLocal Newsနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းကို ယာယီပိတ်ထားပြီး...

နိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းကို ယာယီပိတ်ထားပြီး ပြန်ဖွင့်မည့်ရက်ကို ကြေညာပေးမည်ဟုဆို

၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမပတ်အတွင်း ရန်ကုန်မြို့စက် မှု (၁) လမ်းရှိ ပတ်စပို့စ်ရုံးကို ယာယီပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ကြေညာပေးသွားမည်ဖြစ် ကြောင်း နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူ များထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၂) ရက်မှ စတင်ပိတ်ထားခြင်းဖြစ်ပြီး ယ ခင် QR Code ရရှိထားပြီးသူများအပြင် နိုင်ငံကူးလက် မှတ်လျှောက်ထားသူအသစ်များပါ လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။

” (၅) ရက်နေ့ ပြန်ဖွင့်မယ်လို့တော့ ကြားတယ် ။ ဒါပေမယ့် အတိအကျတော့ ပြောမရဘူး ။ ဒီနေ့က စပိတ်လိုက်တာပေါ့။ ဘယ်သူမှ လုပ်လို့မရတာ ။ အထဲဝင်တဲ့ အပေါက်ပါပိတ်ထားလိုက်တာ‌” ဟု  နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ပိတ်စပို့စ်ရုံးပိတ်ထားခြင်းမှာ ရုံးလုပ်ငန်းများ လု ပ်ကိုင်ရန် ရှိနေခြင်းနှင့် QR စနစ်အဆင့်မြှင့်တင်ခြင်းများကြောင့် ယာယီပိတ်ထားခြင်းသာဖြစ်ပြီး ရက်ပိုင်းအတွ င်း ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက်က အွန်လိုင်းမှ ရက်ချိန်းယူရသည့် QR စနစ်တုံကင်ယူသည့် လုပ်ငန်းစဉ်ကို ရပ်နားခဲ့ပြီး ပြန်လည်အဆင့်မြှင့်တင်နေကြောင်း နိုင်ငံကူးလက်မှ တ် ထုတ်ပေးရေးရုံး (ရန်ကုန်) က ထုတ်ပြန်ကြေညာ ခဲ့ပြီး အရေးပေါ် ပြည်ပထွက်ခွာရန် ရှိသူများအနေဖြင့် လိုအပ်သည့် အထောက်အထားများ တင်ပြကာ ရုံးတွင်လာရော က်လျှောက်ထားနိုင်ကြောင်း အသိပေးထားသော်လည်း လက်ရှိတွင် လုပ်ငန်းစဉ်အားလုံးကို ရပ်နားထားခြင်းဖြစ် ကြောင်း နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

“ထုတ်​ပေးရုံပဲ ကျန်တဲ့စာအုပ်ပါ ထုတ်မရတာ။ စာကပ် ထားလို့ ရုံးနား လူမရှိ​ပေမယ့် ရလိုရငြား သွားတဲ့သူ အ ချို့လည်း ဒီ​​နေ့ သွားကြတယ်။ System breakdown ဖြစ်တယ်လို့​လည်း ပြောတာပဲ။ တချို့က စာအုပ်ရ​တော့မှာမို့ ​လေယာဥ်လက်မှတ်ဝယ်ပြီးဖြစ်​နေသူ​တွေလည်း ဘယ်လို ဆက်လုပ်ရမှန်းမသိဖြစ်နေတာပေါ့” ဟု ပတ်စပို့စ် လျှော က် ထားသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း ရုံးတွင် စာကပ်အသိပေးထားပြီး မည်သည့်ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကို အသိပေးထားခြင်း မရှိသေးပေ။

နစကအနေဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအား အွန်လိုင်းမှ QR Code ဖြင့် ရက်ချိန်းရယူသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင် ဘာ (၅) ရက်တွင် ရပ်နားခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071