ဘန်ကောက်မြို့၊ ဘန်ဘောဈေးရှိ ရွှေဆိုင်တစ်ဆိုင်ကို ဝင်ရောက် လုယက်ပြီး ရဲအရာရှိတစ်ဦး၏ အိမ်တွင်ပုန်းအောင်းနေသည့် မြန်မာလုပ်သား တစ်ဦး ဖမ်းဆီးခံရ

0
207

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဈေးရှိ ရွှေဆိုင်တစ်ဆိုင်ကို ဝင်ရောက် လုယက်ပြီး ရဲအရာရှိတစ်ဦး၏ အိမ်တွင်ပုန်းအောင်းနေသည့် မြန်မာလုပ်သား တစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြချက်အရ သိရသည်။

မြန်မာလုပ်သားတစ်ဦးသည် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဈေးအနီး အေကချိုင်လမ်းရှိ ဟန်းထောင်ထိုင်းစီးလီး အမည်ရှိရွှေဆိုင်ကို ၀င်ရောက်လုယက်ခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်မှ အရောင်းဝန်ထမ်းများ လိုက်လံအော်ဟစ် ဖမ်းဆီးရာ ဈေးထဲ ဝင်ပြေးသွားသည့်အတွက် လွတ်မြောက်သွားခဲ့သော်လည်း ဈေးအနီးရှိ ရဲအရာရှိတစ်ဦး၏ နေအိမ်ခြံ၀င်းအတွင်းရှိသော သစ်ပင်၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအမျိုးသားသည် လုပ်ခလစာ မလုံလောက်ဘဲ အကြွေး ဘတ် ၇၀၀၀၀ ကျော် တင်နေသည့်အတွက် လုယက်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟုလည်း သတင်းများတွင်ဖော်ပြထားသည်။

လုယက်မှုကျူးလွန်ခဲ့သည့် မြန်မာအမျိုးသားအား သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး ဆက်လက်စစ်ဆေးမှုများပြုလုပ်မည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here