အပြန်အလှန်သွင်းဂိုးတွေနဲ့ မြန်မာအသင်း စင်္ကာပူအသင်းကို ရှုံးနိမ့်

0
278

မြန်မာ့လက်ရွေးစင်အသင်းနဲ့ စင်္ကာပူလက်ရွေးစင်အသင်းတို့ ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာအသင်းက ၃ ဂိုး ၂ ဂိုးရလ‌ဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ စင်္ကာပူလက်ရွေးစင်အသင်းတို့ စင်္ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၄ မိနစ်မှာ မောင်မောင်လွင်က သွင်းယူပေးနိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရတာာကြောင့် ပထမပိုင်း ပြီးချိန်မှာ တစ်ဖက် (၁) ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာ စင်္ကာပူခြေစွမ်းပိုမိုကောင်းမွန်လာပြီး ပွဲကစားချိန် ၄၉ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပါတယ် ပွဲကစားချိန် ၆၆ မိနစ်အရောက်မှာတော့ ဒီ‌နေ့ပွဲစဥ်မှာ ခြေစွမ်းပြနေတဲ့
မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၇၄ မိနစ်မှာတော့ ဒီနေ့ပွဲစဉ်ရဲ့ အနိုင်ဂိုးကို စင်္ကာပူဘက်က သွင်းယူနိင်ခဲ့သလို ပွဲကစားချိန် ၈၁ မိနစ်မှာ မြန်မာကစားသမား ကျော်မင်းဦးတိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းက စင်္ကာပူအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ရမှတ်မရှိသေးပဲ ဒီဇင်ဘာ ၃၀ ရက်မှာ လာအိုအသင်းကို (အိမ်ကွင်း)၊ ၂၀၂၃ ဇန်နဝါရီ ၃ ရက်မှာဗီယက်နမ်အသင်းကို (အဝေးကွင်း) ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်ချက်နည်းသွားပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here