Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeNewsLocal Newsဘန်​ကောက်အစည်းအ​ဝေးတွင်မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ...

ဘန်​ကောက်အစည်းအ​ဝေးတွင်မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ လွတ်လပ်၍ တရားမျှတသည့်အထွေထွေ ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေဟု ဆွေးနွေးပြောကြား

ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၂ ရက်ကပြုလုပ်သည့် အ လွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော နစက ၏ပြည်ထောင်စုဝန်ကြီး ၃ ပါးက ဆွေးနွေးပြောကြားခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် တို့သည် ထိုင်းနိုင်ငံဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ အလွတ်သဘောဆွေးနွေးပွဲသို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများမှ အာဆီယံ၏တူညီဆန္ဒ(၅)ချက်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့ပြင် မကြာမီကထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ (၅) ချက်အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်တို့အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အကောင်အထည် ဖော်လျက်ရှိရာတွင် မြန်မာအစိုးရမှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေခြင်း၊ကိုဗစ် (၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စီးပွားရေးပြန်လည်ဦးမော့လာစေရေးဆောင်ရွက်နေခြင်းတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့ပြင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိခြင်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွတ်လပ်၍တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေခြင်းတို့ကိုလည်း ဆွေးနွေးခဲ့သည်။

တူညီဆန္ဒ(၅)ချက်မူဘောင်အောက်မှ AHA Center နှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လို အပ်သူအားလုံးထံရောက်ရှိရေးနှင့်ခွဲခြားမှုမရှိဘဲ တန်းတူညီမျှပေးအပ်သည့်ကိစ္စများတွင် မြန်မာ နိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့်ပူးပေါင်းကာ ပံ့ပိုးပေးလျက်ရှိသည်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုး ပမ်းနေမှုများအား CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်နေပြီး ၎င်းတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ရဟန်းသံဃာများနှင့်သီလ ရှင်များ၊ဝန်ထမ်းများသေဆုံးခဲ့ပြီး စာသင် ကျောင်း၊ဆေးရုံ၊ဘဏ်၊ဈေးများအပါအဝင် နိုင်ငံပိုင်နှင့်ပြည်သူပိုင်အဆောက်အဦးများ၊လမ်း၊တံ တား၊ပို့ဆောင်ဆက်သွယ်ရေးယာဉ်များ၊လျှပ်စစ်တာဝါတိုင်များဖောက်ခွဲမီးရှို့ဖျက်ဆီးခံနေရသည်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်း အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် နိုင်ငံ တကာဥပဒေနှင့်ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက် ဖျက်နေ၍ ဆက်သွယ်ဆောင်ရွက်ရန်မသင့်ဘဲ အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်းမပြုသင့်ကြောင်းကိုလည်း ပြောကြားခဲ့ကြသည်။

အလွတ်သဘောဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးမစ္စတာ ဒိုဟုန်ဗီယက်တို့တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲနှင့်ဆက်စပ်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံဆိုင်ရာ နိုင်ငံရေး၊စီးပွားရေးနှင့်လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စများနှင့်ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက် ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071