Looking for something?

Explore the website

Looking for something?

Friday, May 30, 2025

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့်...

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က...

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...
HomeNewsLocal Newsနိုင်ငံအတွင်း လမ်းပန်း ဆက်သွယ်ရေးများကောင်းမွန်ပါက...

နိုင်ငံအတွင်း လမ်းပန်း ဆက်သွယ်ရေးများကောင်းမွန်ပါက ကုန်စည်စီးဆင်းမှုများလျှင်မြန်လာပြီးဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူဖြစ်စေမည်

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်ရှိ နှစ်ပေါင်း ၁၀၀ ကျော်ကတည်ဆောက်ခဲ့သည့် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)ရှိ ဝန်ထမ်းများအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်း၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာ၌ လူ သားအရင်းအမြစ်ကြွယ်ဝရန်၊ရင်းနှီးမြှုပ်နှံငွေများရှိရန်၊မြေပေါ်မြေအောက်သယံဇာတများရှိရန်၊လျှပ်စစ်ဓာတ်အားရရှိရန်နှင့်သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များ ကောင်းမွန်မှုရှိရန် လိုအပ်သည်ဟု ဆိုသည်။

နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပါက ကုန်စည်စီးဆင်းမှုများမြန်ဆန်လျှင်မြန်လာမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဟု ဆို သည်။

“သယ်ယူပို့ဆောင်ရေးစနစ်မှာ ကုန်လမ်း၊ရေလမ်းနဲ့လေကြောင်းပို့ဆောင်ရေးတွေထဲက ရထားနဲ့ပို့ ဆောင်ခြင်းဟာ ကုန်ကျစရိတ်သက်သာစွာနဲ့ ကုန် ပစ္စည်းတွေကို ပို့ဆောင်နိုင်တာကြောင့် အကျိုးအရှိဆုံးပို့ဆောင်ရေးစနစ်ဖြစ်ပါတယ်၊ ဒါ့ကြောင့် နိုင်ငံရဲ့စီးပွားရေးမောင်းနှင်အားမှာ ရထားပို့ ဆောင်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါ ဝင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရထားပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုလျှင်မြန်စွာသွားလာနိုင်သည့် အဆင့်ထိရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုပြီး ရထားတွဲ များ၊စက်ခေါင်းတွဲများ၊လူစီးတွဲကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရန် ထိန်းသိမ်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

မြန်မာ့မီးရထားသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်၍ မီးရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုသည် အရေးပါသဖြင့် ကုန်စည်စီးဆင်းမှုများလျှင်မြန်စေရေး၊ပြည်သူများ ဈေးနှုန်းသက်သာစွာ သွားလာနိုင်ရေးအတွက် ရထားလမ်း ကွန်ရက်များအားလုံး ရထားပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

ထို့ပြင် စက်ခေါင်းတွဲများကြံ့ခိုင်ကောင်းမွန်မှသာ မြန်မာ့မီးရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရ၍ စက်သုံးဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်ရန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ လျှပ်စစ်စွမ်း အင်သုံး ပို့ဆောင်ရေးယာဉ်များကို ပြောင်းလဲအ သုံးပြုနိုင်ရေးကို ဆောင်ရွက်ရန်လိုသည်ဟု မှာကြားသည်။

“မိမိတို့နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲနိုင်မယ့် အခွင့်အလမ်းတွေ များစွာရှိပြီးဖြစ်ပါတယ် သို့သော် နိုင်ငံတွင်းမှာရှိတဲ့ သယံဇာတရင်းမြစ်တွေက လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မယ့် အခြေအနေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိခဲ့ပါဘူး”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ လျှပ်စစ်ဓာတ်အားသုံးရထားစက်ခေါင်းတွဲများအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုသည်ဟု မှာကြားခဲ့သည်။

စက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် ရှေးက တည်းကပင် မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရထားများကိုစတင်အ သုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ အတွေ့အကြုံများစွာရှိပြီးဖြစ်ကာ ယင်း အ တွေ့အကြုံများကိုအသုံးချ၍ နိုင်ငံအတွင်း မီးရ ထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုသည်ဟု မှာကြားသည်။

“အဲဒီကတဆင့် လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ မီးရထားစက်ခေါင်းတွေကို ထုတ်လုပ်နိုင်ဖို့လိုပါတယ်၊ မိမိတို့မှာရှိပြီးဖြစ်တဲ့ အစွမ်းအစတွေကို အသုံးပြုပြီး မီးရထားစက်ခေါင်းနည်းပညာတွေ အခုထက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲပြုလုပ်

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြက်ခင်းတုကွ င်း၊ MFF Futsal Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့ကြော င်း သိရသည်။ ယခုနှစ် နွေရာသီသင်တန်း MFF Summer Football Skills Course 2025 အခမဲ့ သင်တန်းများကို ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၄၀၀)...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသည့် ယာယီတဲအခု (၂၀၀)ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့် ပြည်သူများဆီ လက်ဝယ်အရောက် ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071