စစ်မှုထမ်းနေပြီဖြစ်တဲ့ BTS အဖွဲ့ဝင် ဂျင်

0
357

ကေပေါ့အဆိုတော်အဖွဲ့ BTS ၏ အသက်အကြီးဆုံးအဖွဲ့ဝင် အသက် ၃၀ အရွယ် ဂျင်သည် ဒီဇင်ဘာလ ၁၃ ရက် အင်္ဂါနေ့မှစ၍ စစ်တပ်တာဝန်ကို စတင် ထမ်းဆောင်နေပြီဖြစ်သည်။

တောင်ကိုရီးယားတွင် ကိုယ်လက်အင်္ဂါ ကျန်းမာသန်းစွမ်းသော အမျိုးသားအားလုံးသည် စစ်တပ်ထဲတွင် အနည်းဆုံး ၁၈ လကြာ စစ်မှုထမ်းရမည်ဖြစ်ပြီး BTS အဖွဲ့ဝင်များသည်လည်း သူတို့အားလုံး စစ်မှုထမ်းမည်ဖြစ်ကြောင်း အောက်တိုဘာလတွင် အတည်ပြုခဲ့သည်။

ကင်မ် ဆော့ဂျင် ခေါ် ဂျင်သည် အင်္ဂါနေ့တွင် ငါးပတ်ကြာ စစ်လေ့ကျင့်ရေး စတင်မည်ဟု စစ်တပ်က ပြောသည်။ စစ်သင်တန်း ပြီးဆုံးပါက ဂျင်အား မြောက်ကိုရီးယား နယ်စပ်အနီးရှိ ရှေ့တန်းတပ်တစ်တပ်တွင် တပ်ချထားဖွယ်ရှိကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြထားသည်။

အဖွဲ့ဝင် ခုနစ်ဦးစလုံးသည် သူတို့၏ စစ်မှုထမ်း တာဝန်ပြီးဆုံးမည့် ၂၀၂၅ ခုနှစ်လောက်တွင် ပြန်လည်ပေါင်းစည်းသွားမည် ဖြစ်သည်။

ဂျင်သည် စစ်မှုထမ်းရန်အတွက် ဆံပင်တိုတို ညှပ်ထားသည့် သူ၏ ဓာတ်ပုံများကို မနေ့က Weverse အက်ပ်ပေါ်တွင် ပြန်လည်မျှဝေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here