ကမ္ဘာ့ရွှေဈေးအတက်နှင့်အတူ ရန်ကုန်ရွှေရည်ညွှန်းဈေး နှုန်း ယနေ့နံနက်ပိုင်း (၂၁) သိန်း ဝန်းကျင်ဖြင့် ဈေးစဖွင့်

0
328

နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ တက်ရိပ်ပြခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းသည် လက်ရှိတွင် တစ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ရန်ကုန်ရွှေရည်ညွှန်းဈေးနှုန်းမှာလည်း ယနေ့ ဒီဇင်ဘာ (၁) ရက်နံနက်ပိုင်းတွင် (၂၁)သိန်းဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၇၇၅ ဒေါ်လာဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ တစ်လုံးနှင့်နှိုင်းယှဉ်ပါက အမြင့်ဆုံးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အလားတူ ယနေ့ ဒီဇင်ဘာ (၁) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၀၉၁၀၀၀ ကျပ်ဟု သ တ်မှတ်ထားပြီး ယင်းဈေးနှုန်းသည်လည်း ယခင်လတစ်လလုံးနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

” ကမ္ဘာ့ရွှေဈေးတက်လို့ နည်းနည်း လိုက်တက်လာတဲ့သ ဘောဖြစ်ပါတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ” ဟု ရန်ကုန် ရွှေဈေးကွက်အတွင်းမှ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ရည်ညွှန်းဈေးအနေဖြင့် ၂၀၆၇၀၀၀ ကျပ်ဖြင့် ဈေးပိတ်သတ်မှတ်ခဲ့ပြီး ယနေ့အဖွင့်ဈေး တစ်ကျပ်သားလျင် ၃၀၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်တက်လာခြင်းဖြစ် သည်။

ကမ္ဘာ့ရွှေဈေးနှုန်းအနေဖြင့်လည်း ယမန်နေ့ဈေးကွက် ပေါက်ဈေးမှာ တစ်အောင်စလျင် ၁၇၅၅ ဒေါ်လာဖြစ်ပြီး တစ်ရက်အတွင်း တစ်အောင်စလျင် ဒေါ်လာ (၂၀) ခန့် ဈေးမြင့်တက်လာခြင်း ဖြစ်သည်။

ပြင်ပဈေးကွက်တွင် ယနေ့ ဒီဇင်ဘာ (၁) ရက် ဈေးနှုန်းများမှာ အခေါက်ရွှေ တစ်ကျပ်သားလျင်၂၆၇၀၀၀၀ကျပ် ဖြစ်ပြီး ၁၅ ပဲရည် တစ်ကျပ်သားလျင် ၂၅ သိန်းဝန်းကျင်ဖြစ်ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ရွှေဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး အဝယ်အနည်းငယ်သာရှိကြောင်း ရန်ကုန်ရွှေဈေးကွက်အ တွင်းမှ ရွှေလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here