စီအင်န်အင်န်သတင်း ဝန်ထမ်းတစ်ချို့လျှော့ချမည်ဟုဆို

0
163

ဂျော်ဂျီယာ၊ဒီဇင်ဘာ ၁

စီအင်န်အင်န်သတင်းဌာန၏ အမှုဆောင်အရာရှိချုပ် မစ္စတာခရစ်ရှ်လစ်ဖ်က ဝန်ထမ်းင်အားလျှော့ချမှုများကို ပြုလုပ်တော့မည်ဖြစ်ကြောင်း ဌာနအသီးသီးမှဝန်ထမ်းများအား အသိပေးပြောကြားခဲ့သည်ဟုသိရှိရသည်။

လျှော့ချမည့်ဝန်ထမ်းစာရင်းအား ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်မည်ဖြစ်ကာ ကြာသပတေးနေ့နံနက်တွင် အသေးစိတ်အချက်အလက်များအား ထပ်မံပြောကြားမည်ဟုသိရှိရသည်။

“အခုလိုလုပ်ရတာဟာ ထွက်ခွာရမဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ရော ကျန်နေခဲ့ရမဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ ခက်ခဲမယ်ဆိုတာသိပါတယ်” ဟုလည်း ၎င်းကရေးသားခဲ့သည်။

ကမ္ဘာ့စီးပွားရေးကျပ်တည်းလာမှုကြောင့် လုပ်ငန်းအများစုသည် ငွေ‌‌ကြေးအင်အားသက်သာရန်ဝန်ထမ်းအင်အားလျှော့ချမှုများကိုပြုလုပ်လာကြသည်။

စီအင်န်အင်န်သည်လည်း ထို့နည်းအတူပင် ပြုလုပ်လာနိုင်ကြောင်း အမှုဆောင်အရာရှိချုပ်က အောက်တိုဘာလကသတိပေးခဲ့သည်။ယင်းသို့လျှော့ချမှုသည် လူ၊ဘတ်ဂျက်နှင့်လုပ်ငန်းပရောဂျက်များကိုပါထိခိုက်သည်ဟုလည်း ၎င်းကဆိုခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here