ရော်နယ်ဒိုသည် ယူရို သန်းလေးရာ စာချုပ်ဖြင့် ဆော်ဒီကလပ်အသင်းသို့ ဝင်ရောက်ရန် နီးစပ်နေ

0
174

ကမ္ဘာ့ဖလားပွဲမတိုင်မီ ပီရာ့စ် မော်ဂန်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မန်ချက်စတာယူနိုက်တက် အသင်း၏ စီမန်ခန့်ခွဲမှုအဖွဲ့ အား လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုသည် ကလပ်အသင်းနှင့် နှစ်ဖက်သဘောတူ လမ်းခွဲခဲ့သည်။

ယခုလက်ရှိ ကမ္ဘာ့ဖလား၌ ပေါ်တူဂီ လက်ရွေးစင်အသင်းကို ဦးဆောင်နေသည့် ရော်နယ်ဒိုသည် သရဲနီအသင်းမှ ထွက်ခွာပြီးနောက် မည်သည့်အသင်း၌ ဝင်‌ရောက်ကစားသွားမည်နှင့် ဆိုသည်နှင့် ပတ်သက်၍ ထင်မြင်ချက်များစွာ ထွက်ပေါ်လျက်ရှိသည်။

ယခုအခါတွင်လည်း ရီယာ့ဒ်မြို့အခြေစိုက် ဆော်ဒီအာရေးဗျကလပ် အယ်လ်နာဆာက ရော်နယ်ဒိုကို တစ်နှစ်လျှင် ယူရိုသန်း နှစ်ရာ ဖြင့် ၂၀၂၅ ခုနှစ် အထိ ကစားပေးရန် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း စပိန်သတင်းဌာန မာကာ က ဖော်ပြထားသည်။

ကမ်းလှမ်းချက်အရ ရော်နယ်ဒိုသည် ထိုအသင်းနှင့် ကစားစဉ်အတွင်း ယူရိုသန်း လေးရာ ရရှိမည်ဖြစ်သည်။

ထိုကဲသို့ ထင်မှတ်မထားလောက်အောင် များပြားလှသည့် ငွေပမာဏကြောင့် ရော်နယ်ဒိုသည် အဆိုပါ ကလပ်အသင်းနှင့် စာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ကြောင်း မာ့ကာ က ထပ်မံ ဖော်ပြထားသည်။

ထို့ပြင် ဂျာမန် ဘောလုံးကလပ် ဘိုင်ယန်မြူးနစ်သည်လည်း ရော်ဒိုနယ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟူသော ကောလဟာလများလည်း ထွက်ပေါ်လျက်ရှိသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here