မန္တလေးတိုင်းရှိ ဒုဋ္ဌဝတီမြစ်အတွင်းရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအားပြန်လည်တွေ့ရှိခဲ့

0
338

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တောင်ကိုင်းကျေးရွာအနီးရှိ ဒုဋ္ဌဝတီမြစ်အတွင်း နိုဝင်ဘာ ၃၀ ရက်(ယနေ့)နေ့လည်ပိုင်းက ရေနစ်ပျောက်ဆုံးသွသူ၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)မှ သိရသည်။

ယနေ့နေ့လည်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ထိန်ကုန်းရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်ရှိ အမျိုး သားသည် ဒုဋ္ဌဝတီမြစ်အတွင်း ရေကစားရာမှရေ နစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ကူညီရှာဖွေပေးရန် ရေနစ်ပျောက်ဆုံးသူ၏ မိသားစုဝင်များက မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)သို့ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

“မိသားစုဝင်တွေက နေ့လည် ၃ နာရီခွဲလောက်မှာ ရုံးကိုဖုန်းဆက်အကူအညီတောင်းလို့ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ် ၄ နာရီလောက်မှာရှာဖွေရေးလုပ်ငန်းတွေလုပ်ခဲ့ပါတယ် ရှာဖွေရေးလုပ်ပြီး ၁၃ မိနစ်လောက်အကြာမှာ ရုပ်အလောင်းကိုပြန်တွေ့ခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)၏ သတင်းပြန် ကြားရေးတာဝန်ခံကပြောသည်။

ရေနစ်ပျောက်ဆုံးသွားသူအား Rescue Diver Team (Myanmar)အဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ရေအောက်ကြမ်းပြင်မှပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

“Rescue Diver Team (Myanmar)အဖွဲ့ဝင်တွေက အလောင်းကိုရှာတွေပြီးတော့ နယ်မြေခံလူမှုကူညီရေးအသင်းကိုလွှဲပေးခဲ့ပါတယ် နယ်မြေခံအသင်းကလိုအပ်တာဆက်ပြီးလုပ်ဆောင်သွားမှာပါ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here