လှိုင်သာယာမြို့နယ်တွင် ၂ ထပ်တိုက်တစ်လုံးမီး လောင်မှုဖြစ်

0
272

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ ဝေပုလ္လလမ်းရှိ ၂ ထပ်တိုက်တစ်လုံး နိုဝင်ဘာ ၃၀ ရက်(ယနေ့)ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ပြည်တော်သစ်လူမှုကူညီရေးပရဟိတအဖွဲ့တို့မှ သိရသည်။

ယနေ့ည ၆ နာရီ ၈ မိနစ်ခန့်က လှိုင်သာယာမြို့ နယ်၊ ၂၀ ရပ်ကွက်၊ဝေပုလ္လလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၆ နာရီ ၁၈ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တယ်သတင်းရတာနဲ့ မီးသတ်အဖွဲ့နဲ့အတူဝိုင်းငြှိမ်းပေးခဲ့ပါတယ် မီးလောင်တဲ့အိမ်ကတော့အကုန်လုံးလောင်ပြီးပျက်စီးသွားပါတယ်”ဟု ပြည်တော်သစ်လူမှုကူညီရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here