အလီဘာဘာ ကုမ္ပဏီ အမှုဆောင် ဥက္ကဋ္ဌဟောင်း ဂျက်မား သည် သူ၏ မိသားစုနှင့်အတူ တိုကျိုမြို့တွင် ခြောက်လနီးပါး နေထိုင်နေကြောင်း ဖိုင်နန်ရှယ်တိုင်းမ် သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်အကုန်ပိုင်းမှစ၍ ပေကျင်းအစိုးရသည် တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းကဏ္ဍအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ ကိုအရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်ခဲ့သည်။
ပေကျင်းအစိုးရသည် ဩဇာကြီးမားသော စီးပွားရေးသမားများကို ပစ်မှတ်ထားခဲ့ရာ ဂျက်မားသည်လည်း တစ်ကိုယ်တည်း လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့်အတွက် အာဏာကပိုင်များနှင့် ပြဿနာတက်ခဲ့သည်။
ထို့နောက် ဂျက်မား၏ နေထိုင်ရာ နေရာနှင့် ပတ်သက်၍ မေးေစာဒကတက်မှုများ ထွက်ပေါ်လာခဲ့သည်။
ဂျက်မား၏ လက်ရှိနေအိမ်နှင့် ပတ်သက်၍ တိုက်ရိုက် သိရှိနေသူများက သူသည် တိုကျိုမြို့တွင် နေထိုင်လျက်ရှိပြီး သူနှင့် သူ၏ မိသားစုသည် အမေရိကနှင့် အစ္စရေးသို့ ပုံမှန် ခရီးထွက်လေ့ရှိကြောင်း ပြောသည်။
ဂျက်မားသည် သူ၏ ကိုယ်ပိုင်စားဖိုမှူးနှင့် လုံခြုံရေးများကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပြီး လူအမျာ; အာရုံမစိုက်မိအောင် နေထိုင်နေကြောင်း သိရသည်။
Source:WION