ယူကရိန်းသမ္မတ Volodymyr Zelensky သည် အမေရိကန်သို့ယဉ်ကျေးမှုခရီးစဉ်အဖြစ်သွားရောက်မည့် ယူကရိန်းအဆိုတော်နှင့် တေးရေး၊ 2016 Eurovision Song Contest ဆုရှင် Jamala နှင့် နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံခဲ့ရာတွင် ယူကရိန်းအစိုးရ အဆင့်မြင့်အရာရှိများလည်းပါဝင်ကြောင်း ယူကရိန်းနိုင်ငံသမ္မတရုံးသတင်းထုတ်ပြန်ချက်အရ ယူကရိန်းအစိုးရပိုင် Ukrinform သတင်းဌာနကရေးသားထားသည်။
“ဒီဆောင်းရာသီကို ဖြတ်ကျော်ဖို့က အရေးကြီးတယ်။ ငါတို့က အောင်နိုင်နေတယ်၊ ငါတို့ အနိုင်ရနေတယ်။ ဒါပေမယ့် ယူကရိန်းကို ထောက်ခံတဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ယူကရိန်းကို ပံ့ပိုးပေးတဲ့ ခေါင်းဆောင်ဖြစ်ဖို့လိုပြီး၊ ငါတို့ လိုအပ်နေသေးတဲ့ အကူအညီမပါဘဲကတော့ ငါတို့အတွက် အရမ်းခက်ခဲလိမ့်မယ်”ဟုလည်း Zelensky က အဆိုတော် Jamala အား မှာကြားခဲ့သည်။
သမ္မတရုံး၏ အစီရင်ခံစာအရ အမေရိကန်တွင် စီစဉ်ထားသည့် အခမ်းအနားများနှင့် ပတ်သက်၍ Zelensky အား Jamala က အကျဉ်းချုံးတင်ပြခဲ့ကာ ယူကရိန်း၏ လွတ်လပ်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ယဉ်ကျေးမှုဆိုင်ရာ မျက်နှာစာသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ ယူကရိန်းရင်ဆိုင်နေရသော အရေးတကြီးပြဿနာမှာ စွမ်းအင်အခြေခံအဆောက်အအုံများပျက်စီးခြင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းတို့ဖြစ်ပြီး ယင်းပြဿနာနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းလုံး သိထားသင့်ကာ ယူကရိန်းနိုင်ငံကလိုအပ်သည်များကိုလည်း ယူကရိန်းကိုထောက်ခံသည့် နိုင်ငံ့ခေါင်းဆောင်များ သိရှိသင့်ကြောင်း Zelensky မှ ပြောကြားခဲ့သည်။
