အမေဇုန်ကာကွယ်ရေးရန်ပုံငွေအတွက် အမေရိကနှင့်အင်္ဂလန်အား ဘရာဇီးသမ္မတအကူအညီတောင်းမည်

0
67

ဘရာဇီးလီးယား၊နိုဝင်ဘာ ၃၀

ဘရာဇီးသမ္မတလူလာသည် အမေဇုန်ကာကွယ်ရေးအစီစဉ်၌ပူးပေါင်းကူညီပြီး ပါဝင်လှူဒါန်းရန် အမေရိက၊အင်္ဂလန်၊ပြင်သစ် အစရှိသည့်နိုင်ငံများအား အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ၎င်း၏အကြံပေးကပြောကြားခဲ့သည်။

ယင်းအပြင် ဆွစ်ဇာလန်နှင့်ကနေဒါတို့ကိုလည်း ချဉ်းကပ်နိုင်ရန်ကြိုးပမ်းနေကြောင်း သိရှိရသည်။ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်ပေါ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့အမြောက်အမြားကိုစုပ်ယူနိုင်သည့် အမေဇုန်မိုးသစ်တောကာကွယ်ရေးသည် အရေးကြီးသောအရာတစ်ခုဖြစ်လာခဲ့ပြီး ရာသီဥတုပြုပြင်ထိန်းသိမ်းရေးကဏ္ဍတွင် သမ္မတလူလာအားအထောက်အကူဖြစ်စေခဲ့သည်။

သို့သော်ယခင်သမ္မတဟောင်း ဘော်ဆိုနာယိုသည် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာဦးစားပေးခဲ့ပြီး ရာသီဥတုဆိုင်ရာကျွမ်းကျင်ပညာရှင်များအား ဝန်ကြီးများအဖြစ်ခန့်အပ်ခဲ့သည်။

သမ္မတလူလာ၏ယခုကမ်းလှမ်းချက်နှင့်ပတ်သက်၍ အင်္ဂလန်အနေဖြင့် အစီအစဉ်တွင်ပါဝင်ဆောင်ရွက်ခြင်းရှိမရှိကိုမူ စဉ်းစားနေဆဲဖြစ်သည်ဟုဆိုသည်။ယခုအစီအစဉ်တွင် ပါဝင်ခြင်းရှိမရှိမဆုံးဖြတ်မီ အင်္ဂလန်ဝန်ကြီးချုပ်ဆူးနက်ခ်သည်လည်း ၂၀၂၃ ခုနှစ်အစောပိုင်းတွင် ဘရာဇီးသို့လာရောက်ကာ ပူးပေါင်းဆောင်ရွက်မှုအတွက်ဆွေးနွေးမည်ဟုသိရှိရသည်။

အမေရိကနှင့်ကနေဒါနိုင်ငံဆိုင်ရာသံရုံးများကမူ မှတ်ချက်တစ်စုံတစ်ရာပြုခြင်းမျိုးမရှိဘဲ ပြင်သစ်နှင့်ဆွစ်ဇာလန်တို့ကလည်း ဖြေကြားရန်ငြင်းဆိုထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here