ပထမနှစ်အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ကောလိပ်များတွင် ဒီဇင်ဘာ ၂၆ ရက်မှစ၍ လက်ခံပေးသွားမည်

0
430

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနမှ အဝေးသင်တက္ကသိုလ်တက်ရောက်မည့်သူများ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိ ပေးကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ပထမနှစ်အဝေးသင် သင်တန်းများတက်ရောက်ခွင့်ရသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းအား သက်ဆိုင်ရာတက္ကသိုလ်နှင့်ကောလိပ်များတွင် ဒီ ဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့်ကျရှုံးကျောင်းသား၊ကျောင်းသူများအား ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်အထိ စနေနေ့နှင့်တနင်္ဂနွေနေ့များတွင်ပါ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဒုတိယနှစ်နှင့်အထက် အဝေးသင်သင်တန်းများအားလုံး၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁၆ ရက်မှဖေဖော်ဝါရီ ၂၈ ရက်အထိ စနေနေ့နှင့်တနင်္ဂနွေနေ့များတွင်ပါ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့အတူ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်အဝေးသင် သင်တန်းဝင်ခွင့်ရရှိသူများစာရင်းအား ဒီဇင်ဘာ ၁ ရက်တွင် သက်ဆိုင်ရာ တက္ကသိုလ်နှင့်ကောလိပ်များ၊ပညာရေးဝန်ကြီးဌာန website:www.moe. gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website: www.dhe.gov.mm တို့တွင် ကြေညာထားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here