ထိုင်းနိုင်ငံတွင် မြန်မာ MoU အလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်၍ ၃ ဦးသေ ဆုံး ၄၄ ဦးဒဏ်ရာရ

0
211

ထိုင်းနိုင်ငံ၊တာခ်ခရိုင်တွင် မြန်မာ MoU အလုပ်သ မားများလိုက်ပါလာသည့်ကား နိုဝင်ဘာ ၂၉ ရက်ညပိုင်းက တိမ်မှောက်မှုဖြစ်ပွား၍ ၃ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာ MoU အလုပ်သမား ၄၅ ဦးလိုက်ပါလာသည့် ကားသည် မဲဆောက်​​မြို့မှတာ့ခ်မြို့သို့ ထွက်ခွာလာစဥ် မယ်လမောင်-တာ့ခ်သွားကားလမ်း၏ ကီလိုမီတာ ၆၈ နှင့် ၆၉ ကြားအရောက်၌ ဘရိတ်ပေါက်၍အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဥ်သည် နိုဝင်ဘာ ၂၉ ရက်ည ၉ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာ့ခ်ခရိုင်တာ ဝန်ရှိသူများနှင့်ထိုင်းလူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာ MoU အလုပ်သမားများအနက် ၂ ဦးနှင့်ထိုင်းနိုင်ငံသားကားမောင်းသူတို့ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အလုပ်သမား ၄၃ ဦး၊ထိုင်းနိုင်ငံသား ၁ ဦး(စုစု ပေါင်း ၄၄ ဦး)တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအ သင်းကားများဖြင့် တာ့ခ်စိန်မဟာရတ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လတ်တလောကတော့ ကျွန်တော်တို့က လိုအပ်တဲ့ကူညီပေးတာတွေလုပ်ပေးသွားမယ် သေဆုံးတဲ့လူတွေအတွက်လည်း အာမခံနစ်နာကြေးရအောင်ဆက်ပြီးကူညီပေးသွားမှာပါ”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here