Monday, May 26, 2025

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...
HomeNewsLocal Newsပြည်တွင်း စားအုန်ဆီဈေးနှုန်း ဆက်တိုက်ကျဆင်းလာ...

ပြည်တွင်း စားအုန်ဆီဈေးနှုန်း ဆက်တိုက်ကျဆင်းလာ ၊ တစ်ပိဿာ ၅၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိ

ပြည်တွင်း စားအုန်းဆီ ဈေးကွက်တွင် ယခုရက်ပိုင်းအ တွင်း ဈေးနှုန်းကျဆင်းနေပြီး တစ်ပိဿာ ၅၀၀၀ ကျပ်ဝန်း ကျင်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယခုနှစ် နှစ်လယ်ပိုင်းက တစ်ပိဿာ ၁၀၀၀၀ ကျပ်ဝန်း ကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ပြည်တွင်း စာအုန်းဆီဈေးနှုန်းမှ တဖြေးဖြေး ပြန်လည် ကျဆင်းလာရာမှ ၅၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သ ည်။

” ဒီရက်ထဲ တောက်လျှောက်ပြန်ကျလာတယ်လေ။ အစ်မတို့ ရောင်းဈေးအနေနဲ့က တစ်ပိဿာကို ၅၅၀၀ ပေါ့နော်။ အနည်းအများပေါ်မူတည်ပြီးလည်း ဈေးနှုန်းကွာဟတာတော့ ရှိပါတယ်။ ကျတာတော့ ပြီးခဲ့တဲ့ လတွေတည်းက ပြန်ကျလာတာပေါ့နော်။ အရင်လတွေက ၆၀၀၀ ကျော် ၇ ၀၀၀ ဝန်းကျင်ပေါ့။ အခုတော့ တော်တော်လေး ပြန်ကျပါပြီ ” ဟု ရန်ကုန်မြို့မှ စားအုန်ဆီ လက်ကားရောင်းချသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက မြန်မာနိုင်ငံအပေါ်  FATF ၏ဂယက်ကြောင့် စားအုန်းဆီဈေးနှုန်း ၉၅၀၀ ကျပ်အထိ ပြန်တက်ခဲ့သည့်အပြင် အချို့အ‌ ရောင်းဆိုင်များ အရောင်း အဝယ်မပြုလုပ်ဘဲ ရပ်နားထားရသည့်အထိ ဈေးနှုန်း မငြိမ်သက်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့သေးသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့သော်လည်း ရက်ပိုင်းအတွင်း ပြန် လည်တည်ငြိမ်ခဲ့ကာ ဈေးနှုန်း ဆက်လက်ကျဆင်းလာခဲ့ခြင်းလည်း ဖြစ်သည်။

” အစ်မတို့ဆီမှာက တစ်ခုခုဆို ဈေးတက်ကြတာက ထုံးစံပဲလေ။ ကြားထဲမှာ ထိန်းနိုင်ရင်တော့ အဆင်ပြေတာပေါ့နော်။ ပြီးခဲ့တဲ့အခေါက်ကလည်း အဲဒီလို ဖြစ်တာပါ။ သိပ်တော့မကြာလိုက်ပါဘူး။ တဖြေးဖြေးပြန်ကျလာတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း စားအုန်းဆီဈေးကွက်တွင် ရောင်းဝယ် ဖောက် ကားရမည့် အခြေခံရည်ညွှန်းဈေးနှုန်းများကို စားသုံးဆီ တင်သွင်းသို‌လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက အပတ်စဉ် သတ်မှတ်ပေးနေပြီး ယခုတပတ်အတွက် အခြေခံရည်ညွှန်းဈေးကို တစ်ပိဿာ ၄၄၂၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပြည်တွင်း၌ စားအုန်းဆီ ရောင်းချသူများအနေဖြင့် ဈေးကစားခြင်း၊ မသမာ သောနည်းဖြင့် သိုလှောင်ထားခြင်း၊ ဈေးတင်ရောင်းချခြင်းများကို အရေးကြီးကုတ်စည် ဥပဒေဖြင့် အရေးယူမည်ဟု စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိ

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံစဥ် NDAA (မိုင်းလား)၏ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေ ဖြင့် နှစ်(၃ဝ)ကျော်ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး "တို့တာဝန်အရေးသုံးပါး"အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြသည်။ ထို့ပြင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပြီး မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိဟု တင်ပြသည်။ ထို့အတူ ဒေသတွင်းနှင့်...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့်...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071